ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့ တော်ရှိ ဈေးဆိုင်နှင့် လူနေအိမ်အချို့ကို ကျူးကျော်ဟုဆိုကာ စစ်တပ်မှ ဖျက်သိမ်းမှုများရှိနေကြောင်း ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစတင်၍ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃၊ ၉၄ ရပ်ကွက်အတွင်းရှိ ပျံကျဈေးဆိုင်ခန်းများ၊ လူနေအိမ်နှင့် တွဲလျက်ဖွင့်ထားသည့် ဈေးဆိုင် များကိုပါ ၃ ရက်အတွင်းဖျက်သိမ်းရန် ကြေညာပြီး နောက် အင်အားအများအပြားဖြင့် ၀င်ရောက်ရှင်း လင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“၉၄ ရပ်ကွက်က ဈေးကိုအရင်ဖျက်တာပေါ့။ မနေ့ကမှစပြီး ၉၃ ရပ်ကွက်ဘက်ကို စဖျက်တာ။ ဖျက်ခံရတာ ၃ ရက်လောက်ရှိပြီ။ ဈေးဆိုင်ခန်းတွေနဲ့ တချို့ကဆိုင်နဲ့ အိမ်လေးနဲ့တွဲဆောက်ထားကြတာပေါ့ နေစရာမရှိတော့ အဲဒါတွေအကုန်ဖျက်ခံရတာ။ အားလုံး ၂၀၀ ကျော်တယ်။ ပျံကျဈေးက ဈေးရုံကြီးလိုတောင်ဖြစ်နေတာ”ဟု ဖျက်သိမ်းခံရသည့်အထဲတွင်ပါ၀င်သည့် ဈေးသည်အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖျက်ခံရသည့်ဈေးဆိုင်ခန်းများသည် ၉၄ ရပ်ကွက်ဘက်ရှိ (A) ဘလောက်၊ (B) ဘလောက်နှင့် ၉၃ ရပ် ကွက်ဘက်ရှိ (C)ဘလောက်ရှိ ဈေးဆိုင်ခန်းပေါင်း ၂၀၀ ကျော်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်သည် ပစ်ခတ်မှုမှလွတ်မြောက်ခဲ့ပြီး ယခုကဲ့သို့လုပ်ရပ်များကို စစ်ကောင်စီနှင့်ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညပိုင်းအချိန်က ဓားဖြင့်ထိုးခံရမှုဖြစ်ပွားခဲ့ပြီး အသေးစိတ်ကိုမူသီးခြားအတည်ပြု၍ မရသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ၉၄ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးကို ၀င်ရောက်ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်ရုံးရှေ့ရှိ ဈေးတန်းကို ယခုကဲ့သို့ ဖျက်သိမ်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။