ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပျောက်ကျားစစ်မှ ရုရှား လုပ်ဂျက်တိုက် လေယာဉ်တွေ၊ အမြောက်ကြီးတွေနဲ့ လက်တုံ့ပြန်နေတဲ့ မြန်မာစစ်တပ်ထိန်းချုပ်ထားရာ ပြည်နယ် တွေကို ထိုးစစ်ဆင်ဖို့ တွန်းအားပေးနေရာ စစ်လက်နက်တွေ အလွန့်အလွန် လိုအပ်နေပါတယ်။

အနောက်နိုင်ငံတွေရဲ့တုံ့ပြန်မှုကလည်း ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ရာမှာ ကန့်သတ်ချက်တွေ ရှိနေပါ တယ်။ ဉရောပသမဂ္ဂက ကြေညာခဲ့တဲ့ ဒဏ်ခတ်အရေးယူခံရသူတွေထဲမှာ စစ်ကောင်စီခန့်စွမ်းအင်ဝန်ကြီး၊ အဆင့် မြင့်အရာရှိတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်ကို လောင်စာဆီ၊ လက်နက်နဲ့ ရန်ပုံငွေတွေ ထောက်ပံ့နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပါဝင်ပါတယ်။

ရေရှည်ပြဿနာတွေ ရှိနေဆဲပဲလို့ PDF ကို မဟာဗျူဟာ၊ NUG ကို မူဝါဒတွေ၊ အမေရိကန် အပါအဝင် အ နောက်နိုင်ငံတွေမှ စစ်ရေးအကူအညီတောင်းခံဖို့ အကြံပြုနေတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“စစ်ရေးအကူအညီ ပေးချင်ပေမယ့် ဘယ်သူ့ကိုဆက်ဆံရမယ်ဆိုတာမသိတဲ့ လွှတ်တော်အမတ်တွေနဲ့ ကျွန်တော် စကားပြောဖူးပါတယ်။ NUG နဲ့ PDF မှာ လူသိထင်ရှားတဲ့သူတွေ မရှိပါဘူး။ ပြည်သူတွေကို လှုံ့ဆော် နိုင်တဲ့ခေါင်းဆောင် မရှိပါဘူး” လို့ မကြာသေးမီက အမေရိကန်နိုင်ငံမှပြန်လာခဲ့တဲ့ အာဆီယံ နိုင်ငံရေးသမားတစ် ဉီးက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့မတူတာက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက် ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနှစ်နှစ်ကျော်အကြာမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလကို အသိအမှတ် ပြုသူ အနည်းငယ်သာရှိပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာကို ဆက်ခံနိုင်သူ မရှိဘူး ဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအတွင်း မြန်မာစစ်တပ်ကို ကာကွယ်ပေးမှုကြောင့် ဂုဏ်သတင်းကျော်ဇောမှု ကျဆင်းခဲ့ပေမယ့် ကုလသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် အသိအ မှတ်ပြုထားဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရှိန်အဝါကြီးမားသူဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ကယ် တင်ရှင်တော့ မဟုတ်တော့ပါဘူး။

သမ္မတ ဒူဝါလရှီးလရဲ့ ပတ်ဝန်းကျင်ကလူတွေက သတင်းထောက်တွေနဲ့ ဆက်ဆံရာမှာ အရည်အချင်းရှိ ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားဝင်လူမျိုးစု ၁၃၅ စုနဲ့ ပြည်နယ်ခုနှစ်ခုမှာ မညီညွတ် မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

PDF မှာ တပ်ရင်း ၂၅၀ ကျော်နဲ့ တပ်ဖွဲ့ဝင် ၆၅၀၀၀ ကျော်ရှိပေမယ့် တစ်ခုတည်းသော ဗဟိုကွပ်ကဲမှုဌာန မရှိတာကြောင့် အမေရိကန်လိုမျိုး တိုင်းပြည်တွေနဲ့ စစ်ရေးအကူအညီအတွက် ဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့စီအတွက် မဖြစ်နိုင်ပါဘူး။

ပြည်တွင်း NGO တစ်ခုဖြစ်တဲ့ (HURFOM) ရဲ့အဆိုအရ ထိုင်းနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကရင် နဲ့မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ မကြာသေးမက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်နေပြည်သူတွေ ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့ပြီး မွန်ပြည် နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးနေ ပြည် သူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

“ကျေးရွာတွေကို မီးရှို့တာမျိုး ပြည်သူပိုင်အဆောက်အအုံတွေကို ဖျက်ဆီးနေပါတယ်။ စစ်တပ်ဟာ အ ရေးယူခံရမှုနေ ကင်းလွတ်နေတာကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာနေရပြီး နိုင်ငံတကာရဲ့ အရေး ယူမှုမရှိတာကြောင့် စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ခွင့်ရနေပါ တယ်” လို့ HURFOM က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူတာကြောင့် NUG ခေါင်းဆောင် ပိုင်းအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို အရှိန်မြှင့်ဖို့ လိုအပ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက NUG နဲ့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းမယ့် အလားအလာတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး တရားဝင်မှုရရှိမယ့်လမ်းကြောင်းကို လုပ်ဆောင်နေပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်တာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအ ယောင်ရွေးကောက်ပွဲသာဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန် ဒရူးက ပြောကြားခဲ့ပါတယ်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ဖို့ကြိုးပမ်းမယ့် လိမ်လည်မှုတစ်ခု သာဖြစ်ပါတယ်” လို့ သောမတ်အန်ဒရူးက ပြောပါတယ်။ NUG အနေနဲ့ နိုင်ငံရေးဆိုင်ရာ အရေးယူမှုပြုလုပ်ဖို့ လို အပ်နေပါပြီ။

The Diplomat မဂ္ဂဇင်းပါ ဆောင်းပါးရှင် Luke Hunt ရဲ့ It’s time for the leadership of Myanmar’s NUG to step up ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။