ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်
“နွေဦးတမာ ကျည်မိုးရွာ”ကမ်ပိန်းမှာ ကျည် ၈၀ ခန့်သာ ရောင်းချရသေးတာကြောင့် ဝယ်ယူလှူဒါန်းခြင်းဖြင့် ကူညီပေးကြရန် အဆိုပါကမ်ပိန်း ဦးဆောင်ပြုလုပ်သူတွေက တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒီကမ်ပိန်းအစီအစဥ်ကို ရေနံချောင်းမြို်နယိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြင်ပဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့က ပါဝင်အားဖြည့် ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး ရရှိလာမယ့် ကျည် ၁၀၀၀ကို မကွေးခရိုင်အမှတ်(၂) တပ်ရင်းနဲ့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပေးအပ်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
“လက်ရှိမှာ မဲအစောင်ရေ ၈၀ လောက်ပဲရောင်းရပါသေးတယ်ဗျ။ ကျည်တစ်တောင့်ကို ကာလပေါက်စျေး ကျပ် ၁ သောင်းဝန်းကျင်ရှိတာတာကြောင့် မဲတစ်စောင်ကို ကျည်တစ်တောင့် နှုန်းနဲ့ လက်မှတ်အစောင်ရေ ၁၀၀၀ ရောင်းချနေတာဖြစ်ပါတယ်။ ကာလကတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်ဗျ” လို့ ပြင်ပဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီတာဝန်ခံမှ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
“နွေဦးတမာ ကျည်မိုးရွာ”ကမ်ပိန်းမှာ ပါဝင်ဝယ်ယူသူတွေကိုလည်း ဒေါ်လာ ၁၀၀ တန် NUG Bond တွေ ကံစမ်းမဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။
ကံစမ်းမဲဝယ်ယူလိုသူတွေအနေနဲ့ ရေနံချောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ Facebook Page Messenger – https://www.facebook.com/YNCUSU?mibextid=ZbWKwL ၊ Telegram – @YNCUSU_2018 နဲ့ People Defense Force – Yenanchaung Facebook page messenger – https://www.facebook.com/pdfyng21/?mibextid=ZbWKwL တို့မှ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
တမာတွေပေါတဲ့ အညာမြေမှာ တော်လှန်အင်အားတရပ် ပြနိုင်ဖို့ရန် ကျွန်တော်တို့တွေ နွေဦးတမာ၊ ကျည်မိုးရွာ ဆိုတဲ့ တော်လှန်ပြဇာတ်မှာ ချစ်ရတဲ့၊ သတ္တိရှိလှတဲ့၊ တော်လှန်စိတ်ဓာတ်တွေ အပြည့်အဝရှိကြတဲ့ ပြည်သူလူထုက ပါဝင်ကကြဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။
#နွေဦးတမာ ကျည်မိုးရွာကမ်ပိန်း #ကျည်၈၀ခန့် #ရောင်းချ #ဝယ်ယူလှူဒါန်း #ကူညီ #တိုက်တွန်းတောင်းဆို
#Ayeyarwaddy_Times