ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဖေဖော်ဝါရီလ ၂၅ ရက်

မွန်ပြည်နယ်၊ ကျိုက်မြို့နယ်၊ ကင်းမွန်ချောင်းကျေးရွာအုပ်စု၊ ကတေးချောင်းဖျားရွာ မူလတန်းကျောင်းအုပ်ဒေါ်နွယ်နွယ်ဦး သတ်ခံရမှုတွင် စစ်ကောင်စီ‌လော်ဘီများမှ KRF အဖွဲ့အပေါ်စွပ်စွဲမှုမှာ ပြည်သူနှင့် ရန်တိုက်ရန်သာဖြစ်ကြောင်း Kyaikhto Revolution Force မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မူလတန်းကျောင်းအုပ် စတင်ဖမ်းဆီးခံရသည့်အချိန်မှ ပစ်သတ်ခြင်းခံရသည့် အချိန်အထိ စစ်ကောင်စီ‌လောဘီ တယ်လီဂရမ်ချန်နယ်များမှ KRF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်သွားကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ၎င်းကဲ့သို့စွပ်စွဲပြောဆိုခြင်းမှာ KRFအဖွဲ့အား ပြည်သူများအထင်မြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်ရေးသားဖြန့်ဝေခြင်းဖြစ်ကြောင်း KRF အဖွဲ့မှ ပြန်လည်ရှင်းလင်းထုတ်ပြန်ထားသည်။

“ကျနော်တို့ PDF တွေလဲမလုပ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလဲ မဟုတ်ဘူး။ Non CDM ကျောင်းအုပ်တစ်ဦးကို သတ်လိုက်ပြီး ကျွန်တော်တို့က လက်နက်မဲ့ပြည်သူကိုလုပ်တယ်။ သတိပေးလဲရရဲ့သားနဲ့ သတ်တယ်ပေါ့ ပညာရေးဝန်ထမ်းကို။ စစ်ကောင်စီဘက်ကပဲ ပြည်သူတွေအထင်အမြင်လွဲမှားမှု အကြီးကြီး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာပဲမြင်တယ်။” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ Non CDM ကျောင်းအုပ်တစ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သတ်၍ ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်သည့် KRF မှလည်း ပြင်းပြင်းထန်ထန်ရှုံချ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျိုက်ထိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း မုပ္ပလင်ကျေးရွာမှ ပြည်သူတစ်ဦးအား လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအဆက်သွယ်ပျက်တောက်နေကာ စစ်ကောင်စီတယ်လီဂရမ်ချန်နယ်များမှ ယခုကဲ့သို့ပင် KRF မှလုပ်ကြောင်းစွပ်စွဲပြောဆိုခဲ့ပြီး KRFဘက်မှလည်း ၎င်းတို့မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါသေးသည်။

#ကျိုက်ထို #ကျောင်းအုပ် #အသတ်ခံရ #စစ်ကောင်စီ #PDF #အထင်အမြင်လွဲမှားစေရန် #KRF
#Ayeyarwaddy_Times