ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်

မြန်မာနိုင်ငံဟာ အီရန်၊ မြောက်ကိုရီးယားနိင်ငံတွေနဲ့အတူ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာ၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ဟာ အန္တရာယ်ရှိသော တရားစီရင်ပိုင်ခွင့်ရှိတဲ့ တိုင်းပြည်တွေလို့ အ ကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်းနဲ့ ငွေကြေးခဝါချမှု ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှ တီရာဂျာကူးမားရဲ့ ဉက္ကဌသက်တမ်းအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာပြုလုပ်တဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ယူအေအီး၊ တူရကီ၊ ဂျော်ဒန်၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံ ၂၀ ကိုလည်း အထူး စောင့်ကြည့်ရမယ့်စာရင်း (Grey List) မှာ ထည့်သွင်းခဲ့ပါတယ်။

အမည်ပျက်စာရင်းနဲ့ အထူးစောင့်ကြည့်ရမယ့်စာရင်းမှာပါဝင်တဲ့ တိုင်းပြည်တွေကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဉရောပသမဂ္ဂတို့က မည်သည့် ငွေကြေးအကူအ ညီမျှ မပေးချေ။

အဲဒီစာရင်းဝင်တိုင်းပြည်တွေဟာ နိုင်ငံတကာရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ ဒဏ်ခတ်အရေးယူမှုတွေ များစွာကိုလည်း ရင်ဆိုင်ရပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအခြေအနေ တိုးတက်လာဖို့နဲ့ ဟွန်ဒီလုပ်ကိုင်သူတွေကို မှတ်ပုံတင်စေဖို့နဲ့ ကြီးကြပ်ရေး လုပ်ငန်းစီမံချက်ကို ဖော်ဆောင်ဖို့ မြန်မာနိုင်ငံက ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ကမ္ဘာ့ဘဏ္ဍာ ရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) က ပြောပါတယ်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကို အပြည့်အဝ ဖြေရှင်းဖို့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို တိုက်တွန်းပြီး လုပ်ငန်းစီမံချက် ဖော်ဆောင်မှုပြီးဆုံးချိန်အထိ အမည်ပျက်စာရင်းမှာ ဆက်လက် ရှိနေမယ်လို့ ဆိုပါတယ်။

ကိုးကား – PTI
Ref; Myanmar continues to be in FATF Black List; UAE, Turkiye in Grey List