ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်
မြန်မာစစ်အာဏာပိုင်တွေရဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဉီးကို ဖမ်းဆီးထိန်းသိမ်းတာကို အ မေရိကန်နိုင်ငံက ရှုတ်ချခဲ့ပြီး ချက်ချင်း လွှတ်ပေးဖို့နဲ့ စွဲချက်အားလုံး ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကချင်ဘာသာရေးခေါင်းဆောင် ခလမ်ဆမ်ဆွန်ကို လွန်ခဲ့သောနှစ်နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီက ထင်ရှားတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီး ထိန်းသိမ်းတာကို ကျွန်တော်တို့ ရှုတ်ချပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ စွဲချက်တင်ခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖေဖော်ဝါရီ လ ၂၁ ရက်က မြစ်ကြီးနား အကျဉ်းထောင်တွင်းရှိ အထူးတရားရုံးတစ်ခုမှာ ရုံးထုတ်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ၊ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတာကြောင့် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စွဲချက်တင်ထားတဲ့ ပုဒ်မအမျိုးမျိုးကို ပယ်ဖျက်ပေးဖို့ HRW က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘာသာဝင်တွေကို နှိပ်ကွက်နေတယ်လို့ ၂၀၁၉ ခုနှစ် အိမ်ဖြူတော်ခရီးစဉ် တစ်ခုအတွင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ပြောပြခဲ့တာကြောင့် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ စွဲချက်တစ်ခု ရင်ဆိုင်ခဲ့ရပါသေးတယ်။
ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်အပေါ် စွဲချက်တင်ထားတာအားလုံး ပယ်ဖျက် ပေးပြီး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုရာမှာ မိတ်ဖက်တွေ၊ မဟာ မိတ်တွေ ပူးပေါင်းကြစေလိုပါတယ်” လို့ နက်ပရိုက်စ်က ပြောပါတယ်။
ကိုးကား – Reuters
Ref; U.S. condemns Myanmar arrest, detention of Kachin Baptist leader