ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ပစ်ခတ်ခဲ့လို့ ကလေးအမေ အမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဇွပ်ယန်ကျေးရွာ အချုပ်ထောင်နားတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေဘက်အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီး ကျည် ၂ လုံး ရွာထဲကျရောက်ပေါ​က်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” အကြောင်းမဲ့ပစ်တာပေါ့၊ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူးလေ၊ ကျည်က ၂ လုံးကျတာရွာထဲကို၊ အားလုံးပစ်တာတော့ ၅ ချက်ဖြစ်မယ်။ ကလေး ၂ ယောက်အမေ ၁ ဦးတော့ ဒဏ်ရာရတယ် ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီးထိမှန်သည့် အမျိုးသမီးမှာ မဇွပ်ယန်ကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် မလခရိဂျာအိန်ဆိုသူဖြစ်ပြီး ကလေး ၂ ယောက်မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မှော်ဘုံကျေးရွာဘက်ဝင်ထွက် သွားတာရှိလို့ ခုလိုမျိုးလက်နက်ကြီးနဲ့လှမ်းပစ်တာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ကျေးရွာတွေ သတင်းလွှင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times