ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ကြံခင်းမြိုနယ်ကစကြာ၀တေးမင်းကြီးသပိတ် ဦးဆောင်ကော်မတီက “သမိုင်းတွင်မည့်တော်လှန်ရေး လူထုအားလုံးပါဝင်ပေး” စာသားပါ ဗီနိုင်းကို ကြံခင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနဲ့ ရှောက်ခုံရွာကြားမှာ ချိတ်စွဲကာပြုလုပ်ခဲ့တာလို့သိရပါတယ်။

“ဒီနေ့လူပ်ရှားမှုကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ခြောက်ကြိမ်မြောက်အနေနဲ့ကြံခင်းမြို့နယ်ကားလမ်းဘေးမှာ စာတန်းချိတ်စွဲပြီးဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်”လို့ သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စကြာ၀တေးမင်းကြီးသပိတ် ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ စတင်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကိုခြောက်ကြိမ် ဆက်တိုက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။

#ကြံခင်း #သမိုင်းဝင်မည့်တော်လှန်ရေးငါတို့အားလုံးပါဝင်ပေး #စာတန်း #ချိတ်ဆွဲ
#Ayeyarwaddy_Times