ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ပုသိမ်၊ မုံရွာကားလမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင့်ရေး လှုပ်ရှားမှုအနေနဲ့ ချိတ်ဆွဲထားတဲ့စာတန်းကို လာရောက်ဖြုတ်ယူတဲ့ စစ်ကောင်စီ စရဖ တပ်ဖွဲ့၀င်တစ်ဦး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီက ၁၀ဘီးကားတိုက်ကာ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

” စာတန်းကမနက် ၄နာရီလောက်ထဲကချိတ်ထားတာ သူ့ကိုဘယ်သူသတင်းပေးလိုက်လဲမသိဘူး အုတ်ပုံဂိတ်ဘက်က ဆိုင်ကယ်ကို တအားမောင်းလာတာ မြို့ရှောင်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ကားကို ဝင်တိုက်မိပြီး ပွဲချင်းပြီးသေသွားတာပါ။ဆိုင်ကယ်က ကားအောက်ကို တစ်ဝက်လောက်ဝင်သွားတယ်လို့ သိရတယ်သူက စရဖလို့တော့သိရတယ်”လို့မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်းကို ပြောပါတယ်။

သေဆုံးသွားသူဟာ ကြံခင်းမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)က ကိုကျော်ဇင်၀င်းဆိုသူဖြစ်ပြီး မအူပင်မြို့ဇာတိဖြစ်တာကြောင့် သူ့အလောင်းကို သူ့ရဲ့ရုပ်အလောင်းကို ဇာတိမြို့ကိုပြန်ယူသွားတယ်လို့ သိရပါတယ်။

“သူက အုတ်ပုံဂိတ်မှာ အထိုင်ထားတာကားတွေဘာတွေ စစ်ဆေးရင်အရမ်းတောင်းတာနံမည်ကြီး အသက်ကတော့ ၂၇ ၀န်းကျင်လောက်ရှိမယ် စရဖမှာဘာရာထူးလဲတော့မသိဘူး အလောင်းကိုတော့မအူပင်ကိုသယ်သွားပြီ”လို့ ကြံခင်းမြိုက စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ကြံခင်းမြို့နယ်ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စင်္ကြာဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် “သမိုင်းတွင်မည့်တော်လှန်ရေးလူထုအားလုံးပါ၀င်ပေး’စာတန်းချိတ်ဆွဲထားပြီး ကြံခင်းမြို့အတွင်းခြောက်ကြိမ်မြောက်ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#ကြံခင်း #ဆန္ဒပြစာတန်း #လာဖြုတ် #စရဖ #၁၀ဘီးကား #သေဆုံး
#Ayeyarwaddy_Times