ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယနေ့ နံနက်ပိုင်းက ဘဏ်မှငွေထုတ်ပြီးပြန်လာသည့် ကားကို ဓားကိုင်ထားသည့် လူတစ်စုမှ လုယက်ယူဆောင်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီခွဲ၀န်းကျင်က ယုံရှင်းငွေလွှဲလုပ်ငန်းမှ ၀နျထမျး ၂ ဦးသည် ဆာကူရာတာဝါရှိ CB ဘဏ်မှ ငွေထုတ်ပြီးပြန်လာစဉ် အမည်မသိအမျိုးသား ၅ ဦးမှ ယာဉ်ပေါ်တက်ဓားထောက်၍ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ငွေလွှဲလုပ်ငန်းက စာရေးမတစ်ဦးနဲ့ ယာဉ်မောင်းတို့က ပိုက်ဆံထုတ်ပြီးပြန်လာကြတာ။ အဲဒါကို လူ ၅ ယောက်ကနေပြီး လမ်းမှာကားကိုရပ်ခိုင်းပြီး ဓားထောက်ပြီးတော့ ပိုက်ဆံထုပ်တွေကို နောက်ကားတစ်စီးပေါ်တင်ပြီး လုယက်သွားတာပေါ့။ ခုဖြစ်သွားတဲ့နေရာက မဟာဗန္ဓုလလမ်းမှာ လူတွေလည်းရှိနေတဲ့အချိန်ပေါ့။ ဓားထောက်လုယက်သွားတာပါ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လုယက်ခံရသူမှာ ယုံရှင်းငွေလွှဲလုပ်ငန်းမှဖြစ်ပြီး ငွေ ကျပ်သိန်း ၃၀၀၀ ကို အမည်မသိလူတစ်စုမှ ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါ မဟာဗန္ဓုလပန်းခြံလမ်းသည် စစ်တပ်နှင့် ရဲ တပ်ဖွဲ့၀င်များ အင်အားများစွာ လုံခြုံရေးချကင်း စောင့်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။
#Ayeyarwaddy_Times