ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် နေ့စဉ် လူတစ်ဉီးကျော် ဒဏ်ရာရ သို့မဟုတ် သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၄၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့
ကုလသမဂ္ဂက ပြောပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့တာကြောင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ချီ ပဋိပက္ခမဖြစ်ပွားခဲ့ဒေသတွေမှာ ဒါဇင်နဲ့ချီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လူသတ်မိုင်းတွေ အသုံးပြုတာ၊ သိုလှောင်တာနဲ့ ထုတ်လုပ်တာကို ပိတ်ပင်တဲ့ ကုလသ မဂ္ဂ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့တိုင်းပြည် မဟုတ်ပါဘူး။

၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်း သို့မဟုတ် စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် လူပေါင်း ၃၉၀ ဉီး ဒဏ်ရာရ သို့မဟုတ် သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တယ် လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။

ထိခိုက်သေဆုံးမှုတွေရဲ့ သုံးပုံနှစ်ပုံဝန်းကျင်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သစ်၊ ကျောက်စိမ်းနှင့် မူးယစ်ဆေး ကုန်သွယ်မှုလိုမျိုး သဘာဝအရင်းအမြစ်များအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေက မြန်မာစစ်တပ်ကို တိုက် ပွဲဝင်နေတဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

ထိခိုက်သေဆုံးမှုတွေရဲ့ ငါးပုံတစ်ပုံဟာ အာဏာမသိမ်းမီက တည်ငြိမ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို အပြင်းအထန်ခုခံနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းပဋိပက္ခအတွင်း ရက်စက်ကြမ်းကြုတ်မှု တွေ၊ စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲ ကျူးလွန်ခဲ့ပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ခိုက်စဉ် မြန်မာစစ်တပ်က ခရစ်ယာန်ဘု ရားကျောင်းတွေဝန်းကျင်နဲ့ စပါးခင်းတွေသွားတဲ့လမ်းတွေမှာ မြေမြှုပ်မိုင်းတွေထောင်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြီးခဲ့တဲ့နှစ်အတွင်း ပြောကြားခဲ့ပါတယ်။

UNICEF ရဲ့ အချက်အလက်တွေထဲမှာ ခုခံတွန်းလှန်ရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ကျဆုံးခဲ့တဲ့ စစ် ကောင်စီခန့် အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မပါဝင်ပါဘူး။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ကာ ၁၉၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်တွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ပြောပါတယ်။

ကိုးကား – TRT World
Ref; Myanmar landmine casualties surge two years after coup: UNICEF