ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဖေဖော်ဝါရီလ ၂၄ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ထိုင်း – မြန်မာနယ်စပ်က ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့ တို့မှာ နှစ်ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲခန့်အချိန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းနှင့်ကော်သူလေး အာမီ ပူးပေါင်း စစ်ကြောင်းအခြေပြုရာ ဝိုင်းဒင်းကျေးရွာသို့ စစ်ကောင်စီတပ် မှ ထိုးစစ်ဆင်လာခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့က သူတို့ရောက်နေတယ်သိလို့ ပူပေါင်းအဖွဲ့တွေကြိုစောင့်နေကြတာပေါ့။ ပထမဦးဆုံး လက်နက်ကြီး ၂ ချက် နဲ့ အရင်လှမ်းထုလိုက်တယ်။ပြီးမှ အင်အား ၁၇၀ ခန့် ခန့်နှင့် စစ်ကြောင်းထိုးဝင်ရောက်လာကြတယ်။ပြင်းထန်စွာအပြန်အလှန်ပစ်ခတ်မှု ၁ နာရီ ခန့်ကြာတယ်။ပြီးတော့ သူတို့စစ်ကောင်စီတပ်ဖက်က အထိနာပြီးပြန်လည် ဆုတ်ခွာသွားခဲ့တယ်”လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ယင်း တိုက်ခိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖက်မှာ ၈ ဦး သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် တပ်ရင်း (၁)က ရဲဘော် ၁ ဦး နှင့် ကော်သူလေး အာမီ မှ ရဲဘော် ၁ ဦး တို့ လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာ ရရှိ ခဲ့တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်သူလေးအာမီတို့က လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် တပ်ရင်း (၁)မှ တပ်ဖွဲ့ဝင်များအားမြင်တွေ့ရစဥ်။
#ကော့သောင်း #ဝိုင်းဒင်တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #ဒဏ်ရာရ #PDF
#Ayeyarwaddy_Times