ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
ဉရောပသမဂ္ဂက အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ဉရောပပါ လီမန် အဖွဲ့ဝင်တစ်ဉီးက ပြောကြားလိုက်ပါတယ်။
“မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုက ရလဒ်ရှိ လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော် ဆောင်သင့်ပါတယ်” လို့ ဉရောပပါလီမန်အဖွဲ့ဝင် ဒေးဗစ်မတ်အယ်လစ္စတာက ဂျကာတာမြို့တော်မှာ မီဒီယာတွေ ကို ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး တွန်းအားပေးမယ့် ဒီနှစ် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒို နီးရှားနိုင်ငံကို ထောက်ခံကြဖို့ အာဆီယံအဖွဲ့က သဘောတူခဲ့ပါတယ်။
အမေရိကန်နဲ့တရုတ်ပြီးရင် အာဆီယံအဖွဲ့ဟာ ဉရောပသမဂ္ဂရဲ့ တတိယအကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်တယ်လို့ မတ်အယ်လစ္စတာက ပြောပါတယ်။
ဉရောပကုမ္ပဏီတွေဟာ အာဆီယံနိုင်ငံတွေမှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဉရောပ ရင်းနှီးမြှုပ်နှံ မှုဘဏ် (EIB) က ဂျကာတာမြို့တော်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ်စားလှယ်ရုံးတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။
“ပိုမိုသန့်ရှင်းသော စွမ်းအင်အသုံးပြုရေး ပြောင်းလဲဖို့ အကောင်အထည်ဖော်ဆောင်ရာမှာ ဉရောပသမဂ္ဂ က အာဆီယံအဖွဲ့ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံကို ထောက်ခံပါတယ်” လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဉရောပသမဂ္ဂ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့ (IPG) တို့နဲ့အတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အတွင်း ဘာလီကျွန်းမှာ ယူရို ၂၀ ဘီလီယံရှိ စွမ်းအင်အသွင်ကူးပြောင်းရေးမိတ်ဖက်အဖွဲ့ (JETP) ကို ဖွဲ့စည်းခဲ့ပါ တယ်။
ကိုးကား – Antara News
Ref; European Union supports ASEAN to overcome Myanmar crisis