ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်လက်နက်တွေ လေးကြိမ်ထက်မနည်း ထောက်ပံ့တာ အပါအ ဝင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယက ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ပိုမိုနီးကပ်သော ဆက် ဆံရေး တည်ဆောက်လာခဲ့တယ်လို့ အိန္ဒိယနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
အိန္ဒိယအစိုးရနဲ့ အိန္ဒိယကုမ္ပဏီတွေက ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်သို့ ရေဒါနည်းပညာတွေနဲ့ အဝေး ထိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံမှ အိန္ဒိယသို့ထွက်ပြေးလာတဲ့ ဒုက္ခ သည်တွေကို ကူညီနေတဲ့ India for Myanmar အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယအစိုးရက အမြောက်လက်နက်တွေ၊ ဗုံးတွေ၊ အော်တိုရိုင်ဖယ်မှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကို မြန်မာစစ်တပ်သို့ ရောင်းချခဲ့တယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ အိန္ဒိယသံအမတ်ကြီး ဗီနေးကူးမားက ဇန် နဝါရီလ ၄ ရက်မှာ မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
“အိန္ဒိယနိုင်ငံဟာ အာဏာမသိမ်းမီ အရပ်သားအစိုးရနဲ့လုပ်ခဲ့သလိုမျိုး မြန်မာစစ်ကောင်စီနဲ့ တူညီတဲ့ ဆက်ဆံရေး ဆက်လက်ထားရှိတာကို တွေ့ရပါတယ်” လို့ India for Myanmar ရဲ့ တည်ထောင်သူ ဆလိုင်းဒိုခါး က ပြောပါတယ်။
“ရုရှားနဲ့တရုတ်နိုင်ငံတွေထက် အိန္ဒိယက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုပြီး ပိုမိုနီးကပ် သောဆက်ဆံရေး ထားရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရုရှား၊ ဆားဘီးယားနဲ့ တရုတ်နိုင်ငံတွေက အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီသို့ သေစေနိုင်တဲ့စစ် လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက ဖော်ပြခဲ့ ပါတယ်။
အိန္ဒိယနိုင်ငံပိုင်လုပ်ငန်းတစ်ခုက မြန်မာစစ်တပ်သို့ အဝေးထိန်း လေကြောင်းရန်ကာကွယ်ရေးစနစ် ထောက်ပံ့ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗီနေးမိုဟန်ကွာထရာက အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ India for Myanmar က ဆိုပါတယ်။
ကိုးကား – RFA
Ref; India is keeping close ties with Myanmar, even transferring weapons, NGOs say