ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
ရွာသားတွေကို ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးစေခဲ့တဲ့ မြန်မာဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ပစ်ခတ်မှုအ ချို့ ဖြစ်ပွားခဲ့ပေမယ့် ရနောင်းရှိ နယ်စပ်အခြေအနေ ထိန်းချုပ်နိုင်ပြီလို့ တော်ဝင်ထိုင်းစစ်တပ်က ပြောပါတယ်။
ကရာဘူရီခရိုင်အတွင်းက ရွာတွေဘက်သို့ ကရာဘူရီမြစ်ကိုဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့တဲ့ မြန်မာရွာ သားတွေ ခိုလှုံဖို့ အန္တရာယ်ကင်းဇုန် (Safe Zone) တစ်ခု သတ်မှတ်မယ်လို့ ထိုင်းတော်ဝင်စစ်တပ် ဒုတိယပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဆီရီချန်နာသွန်က ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ကရင်ပျောက်ကျားတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း တက်ခ်ပြည်နယ်အတွင်း ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေအရေး ကိုင်တွယ်ဖို့ အခုလိုမျိုး အန္တရာယ်ကင်း ဇုန်တွေ သတ်မှတ်လေ့ရှိပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်ညပိုင်းက လက်နက်ကိုင်အဖွဲ့ဝင် ၁၆၀ ဝန်းကျင်ရှိ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု သိမ်းပိုက်ထားတဲ့ မြန်မာဘက်ခြမ်းရှိ ရွာတစ်ရွာမှာ ရိုင်ဖယ်တွေ အသုံးပြုတဲ့ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သ တင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ အဲဒီကျေးရွာဟာ ကရာဘူရီမြစ်ကမ်းပါးရှိ ကော့သောင်းမြို့နီးနီးတယ်လို့ သိ ရပါတယ်။
ပြီးခဲ့တဲ့နှစ်လကတည်းက တိုက်ပွဲဖြစ်ရာဧရိယာသို့ ထိုင်းစစ်သားတွေ၊ နယ်ခြားစောင့်ရဲတွေ စေလွှတ်ခဲ့ တယ်လို့ Thep Satri အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဝိုရာဒက်ဒီထရတ်ကာက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား အခုလိုမျိုးတိုက်ပွဲတွေ မဖြစ်ပွားတာကြောင့် ထိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကင်းလှည့်စောင့်ကြပ်မှု တိုးမြှင့်နေတယ်လို့ သူက ဆိုပါတယ်။
နယ်စပ်ဒေသနေ ထိုင်းနဲ့မြန်မာပြည်သူတွေ ဘေးအ္တရာယ်ကင်းရေးအတွက် ထိုင်းစစ်တပ်က လူသားချင်း စာနာမှုကို အခြေခံပြီး မြန်မာရွာသားတွေကို ကြည့်ရှုစောင့်ရှောက်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။
ကိုးကား – Bangkok Post
Ref; Army sets up safe zone for villagers