ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်

ရခိုင်မှထွက်ရှိသည့် ဆန်များကို ပြည်မသို့ဆန်တင်ပို့မှု များလာသောကြောင့် ရခိုင်တွင် ယခုလအတွင်း ဆန်စျေးနှုန်းများမှာ ယခင်ထက် သိသိသာသာမြင့်တက်လာနေကြောင်း သိရသည်။

ယခင်က ပေါ်ဆန်မွှေးစပါး တင်း ၁၀၀ ကို ၃သိန်းဝန်းကျင်နှင့် ဆန်ချေအမျိုးအစား စပါး တင်း ၁၀၀ ကို ၁၈၀၀၀၀ ကနေ ၁၉၀၀၀၀ ဝန်းကျင်သာရှိပြီး ပေါ်ဆန်မွှေးဆန်တအိတ်ကို ၅၅၀၀၀ကျပ်နှင့် ဆန်ချေတအိတ်ကို ၃သောင်းခွဲကျပ်သာရှိကြောင်းသိရသည်။

” ဒီလအတွင်းမှာပဲ တဟုန်ထိုးတက်သွားတာပါ။စပါးတွေလည်း လာရောင်းမဲ့သူမရှိကြဘူး။ဒါကြောင့်ကျနော်တို့ စပါးတွေကို ၈သိန်းအထိစျေးပိုပေးပြီး ရှာဝယ်နေရတယ်။ အဲ့လိုစျေးပိုပေးပြီးဝယ်ရတော့ ဆန်တွေထုတ်ရောင်းတဲ့အခါမှာလည်း စျေးတက်သွားတာပေါ့။ အရင်ဆို ကျနော်တို့အဓိကပို့တာက ဘူးသီးတောင်ဖက်နဲ့ပြည်မဖက်ကိုပ်ို့လေ့ရှိတယ်။ အခုတော့စပါးတွေသိပ်ဝယ်မရလို့ ပြည်မဖက်ကိုအပို့တွေ ရပ်ထားရပါတယ်” ဟု ကျောက်တော်မြို့ရှိ ရခ်ိုင့်ရှေ့ဆောင်ဆန်စက်မှ ဝန်ထမ်းတစ်ဦးက ဧရာဝတီတ်ိုင်းမ်သို့ပြောသည်။

လက်ရှိတွင် ပေါ်ဆန်းမွှေးစပါးတင်း ၁၀၀ ကို ၈သိန်းကျပ်၊ ပေါ်ဆန်မွှေးဆန်တအိတ်ကို ၈သောင်းကျပ်နှင့် ဆန်ချေအမျိုးအစား စပါးတင်း ၁၀၀ ကို (၆)သိန်းကျပ်၊ဆန်ချေအမျိုးအစား ဆန်တအိတ်ကို
၆သောင်းကျော်အထိ စျေးမြင့်တက်သွားကြောင်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် မိုးရာသီအတွင်းက ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေသြဇာစျေးနှုန်းမြင့်တက်ခြင်းနှင့် တိုက်ပွဲကြောင့်စပါးမရိတ်သိမ်းနိုင်ဘဲ ပျက်စီးသွားခြင်းတို့ကြောင့်
စပါးထွက်နှုန်းမှာ ယခင်နှစ်များထက် သိသိသာသာလျော့နည်းသွားကြောင်း လယ်သမားများကပြောသည်။

ယင်းကြောင့် စပါးများကိုယခင်နှစ်များကဲ့သို့ ပေါပေါလျှံလျှံဝယ်ယူလို့မရတော့သည့်အတွက် စျေးပိုပေး၍ဝယ်ယူကြရာကနေ ယခုကဲ့သို့ စျေးမြင့်တက်သွားရခြင်းဖြစ်ကြောင်းလည်း ဆန်စပါးရောင်းဝယ်သူများကပြောဆိုကြသည်။

“အခု ဆန်စျေးတွေက တဟုန်ထိုးတက်နေပြီ။ ကျနော်တို့မှာ ဒီနှစ်စပါးထွက်နှုန်းကလည်း လုံးဝမကောင်းဘူး။ မြေသြဇာမသုံးနိုင်တာတမျိုး၊တိုက်ပွဲကြောင့် မရိတ်သိမ်းနိုင်လိုက်တာတမျိုး၊ ရာသီဥတုမမှန်တာတမျိုးနဲ့အရမ်းရှုံးတာ။ ပြီးတော့ ရလာတဲ့စပါးက်ိုစရောင်းလိုက်တုန်းကလည်း တင်း ၁၀၀ကို ၃သိန်းပဲရလိုက်တယ်။ အထွက်နည်းတဲ့ကြားထဲ တခြားနေရာတွေကိုပို့လိုက်တော့ ရခိုင်မှာစျေးတက်သွားတာပေါ့။ အခုကျနော်တ်ုိ့ပြန်ဝယ်စားတော့ ဆန်တအိတ်ကို ၈သောင်းလောက်ပေးပြီးဝယ်စားနေရပြီ။နောက်ဆို ဝယ်စားနိုင်ပါ့မလားတောင် မသိတော့ဘူး ” ဟု
မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆန်စျေးနှုန်းမြင့်တက်လာခြင်းမှာ ပြည်မဖက်သို့တင်ပို့မှုများကြောင့်ဖြစ်သည့်အတွက် ဆန်စျေးအခြေနေကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများနှင့် ကုန်သည်ကြီးများအနေဖြင့် အဓိကချင့်ချိန်လုပ်ဆောင်သင့်သည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

” လက်ရှိဆန်စျေးနှုန်းက အခြေခံလူတန်းစားတွေအတွက် အင်မတန်အခက်အခဲဖြစ်စေတယ်။ရခိုင်မှာဒီနှစ်စပါးထွက်နှုန်းကလည်းနည်းတဲ့အပြင် ကုန်သည်ကြီးတွေကလည်း ပြည်မဖက်ကစျေးကွက်တွေကိုအလုံးအရင်းနဲ့တင်ပို့နေကြတာရှိတယ်။ဘင်ဂလားဒေ့ရ်ှဖက်ကိုလည်း တရားမဝင်ပို့တာတွေလည်းနည်းနည်းရှိနေတာကိုတွေ့ရတယ်။ဒီလိုအခြေနေမျိုးတွေကို မထိန်းချုပ်နိုင်ရင် ဆန်စျေးတွေက ဒီထက်ပိုတက်လာဖို့ပဲရှိတယ်။ဒီအခြေနေက အစိုးရတရပ်ကိုလည်း အားကိုးလို့ရတဲ့အနေအထားမဟုတ်တော့ ကုန်သည်ကြီးတွေကို သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းအတွေက သေချာခေါ်ယူပြောပြမယ်ဆိုရင်တော့ ဆန်စျေးကို ထိန်းချုပ်နိုင်မယ်လို့ယူဆတယ်” ဟု ၄င်းကပြောသည်။

ရခိုင်တပြည်နယ်လုံးတွင် စပါးစ်ိုက် လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အခြေအနေအမျိုးမျိုးတို့ကြောင့် လယ်ဧက ၈သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်တပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများ ဆက်တိုက်ရှိနေသည့်အတွက် ကုန်သည်ကြီးများသည် နိုင်ငံအတွင်းရှိစပါးများကို စပါးပေါ်ချိန် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစတင်၍ အလုံးအရင်းနှင့် ဝယ်ယူလျက်ရှိသည်။

ထိုသို့ ဝယ်ယူခြင်းကြောင့် စပါးစျေးမြင့်တက်ကာ စျေးကောင်း ရခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဆက်စပ်၍ ဆန်ဈေးများအဆမတန်တက်လာခြင်းဖြစ်ကြောင်း ဆန်စပါးကုန်သည်များကလည်း ပြောဆိုနေကြသည်။

ဧရာဝတီတိုင်းဖက်တွင်လည်း ဆင်းသုခ ဆန်ကြမ်းတအိတ်ကို ကျပ်ငွေ ၄သောင်းခွဲမှ ၅၅၀၀၀ အထိစျေးမြင့်တက်နေပြီး ငစိန်(ဆင်းသုခ)ဆန်အဟောင်းစျေးမှာလည်း ကျပ်ငွေ ၅၅၀၀၀ မှ ၆၅၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း သ်ိရသည်။

အလားတူ ချင်းပြည်နယ်ဖက်တွင်လည်း ကနန်ဧရာ
မင်းကော်ချက်ဆန်တအိတ်ကို ၆၀၀၀၀ကျပ်မှ ၇၅၀၀၀ ကျပ်အထိ စျေးမြင့်တက်လျှက်ရှိနေသည်။