ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
စစ်ကိုင်းတ်ိုင်း၊ မော်လိုက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပညာရေးမှူးရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့က လောင်ချာနှင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ မော်လိုက်မြို့ ပညာရေးမှူးရုံးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ည နံနက် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် လောင်ချာဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး စာရွက် စာတန်းများနှင့် ဆယ်တန်းဖြေဆိုမည့် ဖောင်များ၊ ကွန်ပျူတာ၊ လက်တော့ ၁၀ လုံးထက်မနည်း မီးလောင်ပြာကျသွားကြောင်း ဒေသခံများကပြောသည်။
“လုံခြုံရေးတင်းကြပ်နေတဲ့ကြား ဒီကိစ္စကြောင့် အခု သူတို့အထဲပြသနာတက်နေကြတယ်။ အဖမ်းအဆီးခံရတာတွေလည်းရှိနေတယ်။ သူတို့ကတော့ မတော်တဆ မီးလောင်တယ်ဆိုပြီး သတင်းလွှင့်ထားတယ်။ ဘယ်အဖွဲ့မှန်းမသိဘူး ပစ်လိုက်တာ အသံကတော့အကျယ်ကြီးကြားရတယ်။ မီးသတ်ကားတောင် အထဲဝင်လို့မရဘူး ” လို့ မော်လိုက်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် ပညာရေးမှူးရုံး လောင်ချာဖြင့်ပစ်ခတ်ခံရလို့ မီးလောင်ကျွမ်းနေစဥ် ည ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရှမ်းနီတပ်များရောက်လာကာ ကူပြီးငြိမ်းသတ်ပေးခဲ့သော်လည်း အုတ်ခုံသာကျန်ရှိခဲ့ကြောင်း ဒေသခံများက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ မော်လိုက်ပညာရေးမှူး လောင်ချာဖြင့် ပစ်ခတ်ခံရမှုမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရှိသေးကြောင်း ဒေသခံများပြောဆိုချက်အရ သိရှိရသည်။
#မော်လိုက် #ပညာရေးမှူးရုံး #လောင်ချာနဲ့ပစ်ခတ်ခံရ
#Ayeyarwaddy_Times