ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်စေဖို့ သဘောတူထားတဲ့ အာဆီယံရဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေးတူညီဆန္ဒအပေါ် တရုတ်နိုင်ငံရဲ့ ထောက်ပံမှုကို အသိအမှတ်ပြုတယ်လို့ အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်နဲ့ ဂျကာတာမြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရတ်နိုမာဆူ ဒီက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဘုံသဘောတူညီချက် ၅ ရက်အပေါ် တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို အင်ဒိုနီးရှားနိုင်ငံက အသိအမှတ်ပြုပါ တယ်။ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ အာဆီယံအတွက် အဓိက ကိုးကားချက်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
“အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု စ တင်မှာဖြစ်ပြီး ရည်မှန်းချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပေးရေး ဖြစ်ပါတယ်” လို့ ရတ်နိုမာဆူဒီက ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ တရားဝင် သံတမန်ဆိုင်ရာ လုပ်ငန်းစဉ်တစ် ရပ် ဖြစ်နေဆဲဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အနောက်နိုင်ငံတွေက စိတ်မရှည်ဖြစ်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက် မှုတွေ၊ စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူ ညီချက်ကို စစ်ကောင်စီက ဖော်ဆောင်လိုတဲ့ ဆန္ဒမရှိတဲ့အပေါ် အာဆီယံနိုင်ငံတွေက ပိုပြီး မချင့်မရဲဖြစ်နေကြပါ တယ်။
ကိုးကား – Reuters
Ref; Indonesia appreciates China’s support for Myanmar peace consensus – foreign minister