ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ၊ ခမောက်ကြီးမြို့နယ်ခွဲ ရှမ်းကိုးရွာအပိုင် အောင်ချမ်သားကျေးရွာအုပ်စု ၊ ခမောက်ငယ်ရွာ ရွာသစ်ရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူးလင်မယား သေနတ်နှင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ ရာအိမ်မှူး လင်းထွန်းအောင် နှင့် ၄င်း၏ဇနီး ဒေါ်အေးစိန်းတို့ကို ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ၎င်းတို့၏ နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခံခဲ့ရခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဲ့ဒီလူက နာမည်ကြီးပဲ အတော်ဆိုးတာ စစ်ကောင်စီစစ်ကြောင်းတွေမှာ လမ်းပြဖြစ်သလို PDF တွေကို ဖမ်းဆီး
ဖို့လည်း သူပဲ အစအဆုံးကူညီနေတာ။ ဒေသခံတွေကိုလည်း ခြိမ်းခြောက်မှုတွေအမြဲလုပ်တယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတာတွေလည်းရှိတယ်” လို့ ခမောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို ရာအိမ်မှူး လင်းထွန်းအောင်သည် စစ်တပ်သတင်းပေးဖြစ်သည့်အပြင် ပြည်သူပိုင်မြေများကို အကွက်ရိုက်ပြီး ရွာသစ်ရွာ တည်မည်ဟုဆိုတာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရောင်းစားနေသူတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒါ့ပြင် စစ်ကောင်စီ ထောက်တိုင်းများဖြစ်သည့် ပျူစေားထီ ၊ ဒလန် သတင်းပေးများနှင့် အကြမ်းဖက်စစ်သားရဲများမှ ပြည်သူများနှင့် ကာကွယ်ရေးအဖွဲ့များအပေါ်တွင် ထိခိုက်လာပါက ယခုလိုရှင်းလင်းသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါသေးသည်။

#ခမောက်ကြီး #ရာအိမ်မှူးလင်းမယား
#သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရ
#Ayeyarwaddy_Times