ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာရှိ ကြံ့ခိုင်ရေးပါတီဥက္ကဌ နေအိမ်တွင် ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်း၌ YPDFအဖွဲ့များက မသင်္ကာ၍ ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲပစ္စည်းများနှင့်အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေအိမ်မှာ ကျေးအုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးစိန်မြင့်ဖြစ်ပြီး လူမနေသည်မှာ ကြာနေပြီဖြစ်ကြောင်း YPDFအဖွဲ့မှ ပြောသည်။
“ကျွန်တော်တို့ရဲဘော်တွေက အဲ့ညမှကင်းလှည့်ရင်း အချက်ပြမီးကဲ့သို့ အရောင်တွေ့လို့ မသင်္ကာတာနဲ့ ဝင်ရှာတာ။ ဖောက်ခွဲပစ္စည်းတွေနဲ့ စစ်ဝတ်တန်ဆာများတွေ့ရှိပါတယ်။ စစ်ဝတ်တန်ဆာက သူ့သားပစ္စည်းဖြစ်နိုင်ပါတယ်၊သူ့သားက DSTAသင်တန်းဆင်းပါ။ သူ့မိန်းမကလဲ Non CDMဆရာမတွေပါ။ ယခင်က ခလရ ၅၀ တပ်ထဲနေတယ်လို့သတင်းကြားပေမယ့် အခုဘယ်ရောက်လဲတော့ အတိကျမသိရဘူး”ဟု YPDF ဗဟိုဦးဆောင်ကော်မတီဥက္ကဌရဲဘော်ယောလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါနေအိမ်အတွင်းမှ စစ်ယူနီဖောင်း(အစိမ်း) ၁၇ စုံ၊ တိုက်ပွဲဝင်ယူနီဖောင်း(ပြောက်ကျား) ၄ စုံ၊ အရာရှိ လျှာထိုးဦးထုပ် ၁ လုံး၊ ရိုးရိုးဦးထုပ် ၄ လုံး၊ ကြယ် ၂ ပွင့်စီတပ်ထားတဲ့ ပခုံးတင်ဘား ၂ စုံ၊ ဟန်းကော ၁ လုံး၊ စစ်ဖိနပ် ၂ ရံနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရခဲ့YPDFအဖွဲ့က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ကတော့ ပြည်သူ့တော်လှန်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပါ။ တော်လှန်ရေးမှာ မပါချင်နေ စစ်ကောင်စီအားပေးမလုပ်နဲ့။ သတင်းပေးဒလန်မလုပ်နဲ့။ လုပ်လာရင် ရန်သူကို ရန်သူလို ဆက်ဆံမှာပါပဲ။ပြည်သူတွေအနေနဲ့ တော်လှန်ရေးက အောင်ဖို့ နီးလာပြီ။ အားတင်းထားကြပါ။ တတ်နိုင်ရာကနေ တော်လှန်ရေးမှာ အုတ်တချပ်သဲတပွင့်အနေနဲ့ ပါဝင်ပေးကြပါ” ဟု YPDF ဗဟိုဦးဆောင်ကော်မတီဥက္ကဌရဲဘော်ယောလေးက တိုက်တွန်းပြောဆိုထားသည်။
#ဂန့်ဂေါမြို့နယ် #ဘော်ပြင်း #ကြံ့ခိုင်ရေး #ပါတီ #ဥက္ကဌ #နေအိမ် #ဖောက်ခွဲရေးပစ္စည်း
#Ayeyarwaddy_Times