ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဖေဖော်ဝါရီလ ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကြောင်းဟာ ကလိန်အောင်မြို့ အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ် (SHWE BE LONE K.L.A) ဆိုပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

“ကျနော်တို့ အခုဖွဲ့စည်းလိုက်တဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်ကိုအမြစ်ပြတ်သည်အထိတိုက်ပွဲဝင်သွားဖို့ပါ။ ပြီးတော့ စစ်ကောင်စီသတင်းပေး၊ စစ်ကောင်စီယန္တရားကိုလည်ပတ်အောင်ပူးပေါင်းပါဝင်နေကြတဲ့ စစ်ကောင်စီထောင့်တိုင်များကိုလည်း တိုက်ခိုက်ချေမှုန်းသွားမယ်”လို့ ပြန်ကြားရေးတာဝန်ခံ ကိုခန့် က ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

“အခုလိုဖွဲ့စည်းလိုက်တာကို ပြည်သူတွေအနေနဲ့လည်း ပိုပီးအားရကျေနပ်ကြလိမ့်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SBL PDF) ပြန်ကြားရေးတာဝန်ခံ ကိုခန့် က ဆက်လက် ပြောပါတယ်။

ဒါ့ပြင် ပြည်သူတွေအနေနဲ့ လည်း မိမိတို့အဖွဲ့မှာ လိုအပ်ချက်လေးတွေရှိနေသေးတဲ့အတွက် တက်နိုင်သလောက်ပူးပေါင်း ပါဝင်ပေးကြဖို့ကိုလည်း တပ်ဖွဲ့ဝင်များက တောင်းဆိုထားပါသေးတယ်။

#တနင်္သာရီတိုင်း #ကလိန်အောင် #ပြည်သူ့ကာကွယ်ရေးတပ်
#အသစ်ထပ်မံဖွဲ့စည်း
#Ayeyarwaddy_Times