ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်

ထိုင်ဝမ်က အမေရိကန်နိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်နေပြီး အာဏာရှင်စနစ် ထွန်းကားလာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အခြားမိတ်ဆွေနိုင်ငံတွေနဲ့ ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မယ်လို့ သမ္မတ ဆိုင်အင်ဝမ်က အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန် လွှတ်တော်အမတ်တွေကို ပြောပါတယ်။

အခြားတိုင်းပြည်အများစုလို အမေရိကန်နိုင်ငံက ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့် တရုတ်-အမေရိကန်ဆက်ဆံရေးမှာ ပွတ်တိုက်မှုတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ ထိုင်ဝမ်ကျွန်းရဲ့ အ ရေးပါဆုံး နိုင်ငံတကာထောက်ခံသူနဲ့ စစ်လက်နက်ပံ့ပိုးသူဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်မှာ စစ်ရေးအခြေစိုက်စခန်းတွေမရှိပေမယ့် အချုပ်အချာအာဏာကို လက်ခံဖို့ တရုတ်က ထိုင်ဝမ်ကို ဖိအားတိုးပေးလာတာကြောင့် အမေရိကန်နဲ့ထိုင်ဝမ်ကြား ကောင်းမွန်သော စစ်ဘက်ဆက် ဆံရေး ရှိပါတယ်။

“ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံက စစ်ဘက်ဆက်ဆံရေး ဆက်လက် တိုးမြှင့်မှာဖြစ်ပြီး အာဏာရှင်စနစ် ကျယ်ပြန့်လာမှုနဲ့ ရာသီဥတုပြောင်းလဲမှုလို ကမ္ဘာ့စိန်ခေါ်မှုတွေ ကိုင်တွယ်ရာမှာ အမေရိကန်၊ အခြား ဒီမိုကရေစီ နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ဆိုင်အင်ဝမ်က ဆိုပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ချေ့စ်ဟာ ပြီးခဲ့တဲ့အပတ် က ထိုင်ဝမ်သို့ သွားရောက်ခဲ့ပါတယ်။

လုံခြုံရေးနဲ့ စီးပွားရေးဆက်ဆံမှု တိုးမြှင့်ဖို့ လာရောက်ခဲ့တာလို့ အမေရိကန် အောက်လွှတ်တော် တရုတ် ရေးရာကော်မတီဝင် ရိုခန်နာက ဆိုင်အင်ဝမ်ကို ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် ပြီးခဲ့နှစ်အတွင်း တ ရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ခွင့် တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေ ကသာ ကိုယ့်အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။

ကိုးကား – TRT World
Ref; Tsai says Taiwan bolstering military ties with US amid threats from China