ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်

ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်ရာမှာ ပါဝင်ကူညီမှုကြောင့်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ဂျပန်နိုင်ငံရေးသမားနှစ်ဉီးကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။

ဂျပန် စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဝါတာနာဘေးဟီဒီယိုနဲ့ အဓိကအာဏာရပါတီ လစ်ဘ ရယ်ဒီမိုကရက်တစ်ပါတီ ဒုတိယဉက္ဥဌ အာဆိုတာရိုတို့ကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီထိန်း ချုပ်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းကိုဉီးဆောင်သူ ဝါတာနာဘေးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မှ ဆုတံဆိပ်လက်ခံဖို့ နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

ဝါတာနာဘေးရဲ့ ကြိုးပမ်းမှုတွေအတွက် မင်းအောင်လှိုင်က ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောခဲ့သ လို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးမယ်လို့ ဝါတာနာဘေးက ပြောပါတယ်။

ဒီမိုကရေစီလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အထီးကျန် ဆန်နေတဲ့ မြန်မာစစ်တပ်ဟာ ဂျပန်နိုင်ငံနဲ့ နီးကပ်သောဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။

ဂျပန်နိုင်ငံက အာဏာသိမ်း မြန်မာစစ်တပ်ကို အသိအမှတ်မပြုခဲ့သလို တရားဝင် ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်တာ ရှောင်ကြဉ်ခဲ့ပါတယ်။

ဝါတာနာဘေးဟာ မြန်မာနိုင်ငံကို ကြိမ်ဖန်များစွာ လာရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးနောက် စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။

စစ်ကောင်စီနဲ့ အနီးကပ်ဆက်ဆံတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဂျပန်နိုင်ငံ မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ရှုတ်ချခဲ့ပါတယ်။

ကိုးကား – NHK
Ref; Myanmar military honors Japanese ex-minister and LDP vice president