ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဖေဖော်ဝါရီ ၂၁ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဒေသအသီးသီးတွင်(၇၅) နှစ်မြောက်စိန်ရတုချင်း အမျိုးသားနေ့အခမ်းအနားကို CDF-Kanpetletတပ်ရင်းများ၏ ဦးဆောင်မှုဖြင့် ဒီကနေ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
အဆိုပါ (၇၅) နှစ်မြောက်စိန်ရတုချင်းအမျိုးသားနေ့တွင် CDF-Kanpetlet ကျဆုံးရဲဘော်များကို အောက်မေ့အလေးပြုခြင်းနှင့် ဘောလုံးအားကစားပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ ချင်းအမျိုးသားနေ့ကို ကျင်းပရခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ ဖက်ဆက်တော်လှန်ရေးမှာလည်း လေမြှားနှင့်တော်လှန်ခဲ့ကြတယ်။ အခုစစ်အာဏာရှင်ကိုလည်းအမြစ်ပြတ်ချေမှုန်းသွားမယ်” လို့ CDF Kanpetlet မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် CDF-Kanpetlet တပ်ရင်း- ၃ တူမီးတပ်ရင်းဦးဆောင်မှုဖြင့် ၇၆ နှစ်မြောက်စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကိုလည်း ကန်ပက်လက်မြို့၊ မြို့မဧရိယာအတွင်းတွင်လည် ဘောလုံးပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း CDF-Kanpetlet တာဝန်ခံထံမှ သိရသည်။
#ချင်းပြည်နယ် #ကန်ပက်လက်
#၇၅နှစ်မြောက်စိန်ရတုချင်းအမျိုးသားနေ့ပွဲကျင်းပ
#Ayeyarwaddy_Times