ဧရာဝတီတိုင်းမ်
(ငါန်းဇွန်)၊ ဖေဖော်ဝါရီလ ၂၁ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရွာလယ်ဘုရားအနီးတွင် ယမန်နေ့ဖေဖော်ဝါရီလ ၂၀ ရက် ည ၇ နာရီဝန်းကျင်၌ ကင်းလှည့်နေ့သည့်စစ်ကောင်စီတပ်အား Ngazun PDF နှင့် ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအားလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သားကြင်ရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်မှ ညဘက်ကင်းလှည့်ချိန်တွင် ကြိုတင်စောင့်ဆိုင်း၍ ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ဝန်းကျင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနန္ဒာမင်းဆိုသူအပါအဝင် တပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ငါန်းဇွန်(ပကဖ)ထံမှ သိရသည်။
“ဒီရွာမှာ စစ်ကောင်စီကျောင်းတစ်ခုမှာ အင်အား ၅၀ ဝန်းကျင်လောက်နဲ့အထိုင်ချထားတယ်။ ကျွန်တော်တို့က သူတို့ အင်အားနည်းနေတဲ့အချိန် ဖြစ်တဲ့ ကင်းလှည့်တဲ့အချိန်မှာ ကြိုတင်စောင့်ဆိုင်းပြီးပစ်ခတ်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့အထိုင်ချတဲ့စခန်းကနေ ၆၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်။ အရပ်သား သားအမိ ၂ယောက်လဲ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့တယ်။” ဟု Ngazun People’s Defense Forceမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ထံမှ MA-3 သေနတ်တစ်လက်နှင့် ဖုန်းတစ်လုံးသိမ်းဆည်းနိုင်ခဲ့ပြီး ပူးပေါင်းအဖွဲ့များမှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား TGYR – Youth Guerrilla Counter Revolution(LPDF)၊ ငါန်းဇွန်မြို့နယ် ပကဖ ၊ MN PDF MyitNge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ ၊ ဇာမဏီ ပျောက်ကျားတပ်ဖွဲ့၊ SINTGAING LPDF မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#ငါန်းဇွန်း #စစ်ကောင်စီ #PDF #ကြားဖြတ်တိုက်ခိုက် #သေဆုံး
#Ayeyarwaddy_Times