ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်

ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုသစ်တွေက ရည်ရွယ်ချက်မှန်ကန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်လက်နက်ထောက်ပံ့တာတွေကို ကန့်သတ်ဖို့နဲ့ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန် ရှိတဲ့သူတွေကို ပစ်မှတ်ထားတာလို့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ်က ပြောကြားပါတယ်။

“ဉရောပသမဂ္ဂက မှန်ကန်တဲ့ အဖြေရှိပေမယ့် ဒီလိုဒဏ်တ်အရေးယူမှုတွေ ဖော်ဆောင်ရာမှာ နှေးကွေး လွန်းပါတယ်။ ဝင်ငွေရပေါက်နဲ့ စစ်လက်နက်တွေ ဖြတ်တောက်ဖို့ နှောင့်နှေးကြန့်ကြတာဟာ လူ့အသက်ပေါင်း များစွာကို ထပ်မံ သေဆုံးစေပါတယ်” လို့ အန်နာက ပြောပါတယ်။

အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာ၊ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ပထမဆုံးအကြိမ် ကြိုးပေးကွက်မျက်တာနဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀၀ ကျော်အထိ စံချိန်တင် များလာခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အတွင်း ဉရောပသမဂ္ဂက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေး ယူမှု နှစ်ကြိမ်သာ လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရသူ ၃၀၀၀ ကျော် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်အရေးအဖွဲ့ (AAPP) က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်မြေအများအပြားမှာ အသက်သေဆုံးသူတွေကို မှတ်တမ်းတင်ရာမှာ စိန်ခေါ်မှုတွေရှိ တာကြောင့် အချက်အလက်တွေကို လျှော့ပေါ့ထားတာဖြစ်ပါတယ်။

“အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ဒဏ်ခတ်အရေးယူသင့်သူ ရာနဲ့ချီရှိပေမယ့် အရေးမယူခဲ့ပါဘူး” လို့ အန် နာရောဘတ်က ပြောပါတယ်။

“မြန်မာပြည်သူတွေက စစ်အုပ်ချုပ်ရေးကို တတ်နိုင်သလောက် ခုခံတွန်းလှန်ပြီး လူ့အခွင့်အရေးကို ကာ ကွယ်ပေမယ့် အီးယူ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံကတော့ လုံလောက်တဲ့ ပံ့ပိုးမှုမျိုးမရှိပါဘူး။ ဉရောပသမဂ္ဂက မှန် ကန်သောမူဝါဒ ဖော်ဆောင်ပေမယ့် အရေးယူရာမှာ နှေးကွေးလွန်းပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Burman Campaign UK