ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ ရေတပ်ဂ်ိတ်တွင် ယမန်နေ့( ဖေဖော်ဝါရီလ ၂၀ရက်နေ့)က မိုင်းတစ်လုံးပေါက်ကွဲ၍ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး သွားကြောင်း အနီးအနားရှိဒေသခံများထံမှ သိရသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၂ ဦးမှာ တင်းမကျေးရွာရှိ တောင်ဖြူတောင်၌ တပ်စွဲနေထိုင်နေကြသည့် တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ယမန်နေ့၊နေ့လည်ပိုင်းအချိန်ခန့်က ရေတပ်ဂိတ်သို့ဆင်းကြစဉ် မိုင်းပေါက်ကွဲခြင်းဖြစ်သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကို ပြောသည်။
” သူတို့မှာ တင်းမရွာကမ်းနားမှာ ရေတပ်ဂိတ်တခုလုပ်ထားတာရှိတယ်။ ဇက်တွေဘာတွေနဲ့ရိက္ခာလာပို့ရင် ကမ်းကပ်လို့ရအောင်လုပ်ထားတာပေါ့။ တောင်ဖြူတောင်ကစစ်သားတွေက အမြဲလိုလိုဆင်းလိုက်တက်လိုက်လုပ်ကြတယ်။ မနေ့ညကလည်း သူတ်ို့တဖွဲ့က ရိက္ခာတွေဆင်းယူကြလားတော့မသိဘူး။ ရပ်နေကြတုန်းမှာ ၂ယောက်က ခြုံပုတ်ထဲကို အပေါ့သွားကြတာထင်တယ်။ အဲ့ဒီအချိန်မှာ မိုင်းပေါက်ပြီး သေကြတာ” ဟု ၄င်းကပြောသည်။
ယင်းနောက် သေဆုံးသွားသည့် တပ်သား၂ ဦးအနက် တစ်လောင်းကို အဆ်ိုပါကမ်း၌ မြှုပ်ပြီး နောက်တစ်လောင်းကို ရိက္ခာလာပို့သည့်ဇက်ရေယာဉ်ဖြင့် ကျောက်တော်အခြေစိုက် စခက ၉ ဖက်သို့ယူဆောင်သွားကြောင်းလည်း မျက်မြင်များ၏ ပြောဆိုချက်အရ သိရသည်။
” သူတို့မှာက ရေလမ်းကြောင်းကနေ ရန်သူတွေလာမှာစိုးလို့ ကမ်းပတ်ပတ်လည် မိုင်းထောင်ထားတာ။အဲ့တာကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှ်ိမှာပေါ့။မေ့မေ့လျောလျောနဲ့သွားမိရာကနေ သူတို့ထောင်ထားတဲ့မိုင်းကို သူတို့နင်းမိပြီး သေကြတာပါ။သူတို့အလောင်းကိုသယ်ယူသွားတာက တလောင်းတည်းဆိုတော့ နောက်တလောင်းက အဲဒီနေရာမှာပဲ မြှုပ်မှာပေါ့ ” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ မတ်လအတွင်းက တင်းမကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တ်ို့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ကောင်စီတပ်သားများက အိမ်ခြေစုစုပေါင်း ၆၅၀ ကျော်ရှိသည့်အနက် ၁၃၂ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသူ/ ရွာသားများမှာလည်း ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်လာခဲ့ရသည်။
ယင်းနောက် စစ်ကောင်စီတပ်သားများက တင်းမရွာအနီးရှိ တောင်ဖြူတောင်၌ တပ်စွဲနေထိုင်ကာ ရွာရှိ နွား၊ ဝက်နှင့် အိမ်မွေးတိရစ္ဆာန်တို့လည်း သတ်ဖြတ်စားသောက်ပြီး မီးမလောင်ဘဲကျန်နေခဲ့သည့် နေအိမ်များမှ ပစ္စည်းများကိုလည်း ဖြိုဖျက်ကာယူဆောင်နေကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။