ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် နှစ်ပတ်လည်နေ့မတိုင်မီ ယူကရိန်း နိုင်ငံအပေါ် ထောက်ခံမှုပြသတဲ့အနေနဲ့ ကိယက်ဗ်မြို့တော်သို့ မကြေညာဘဲ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားကျူးကျော်စစ်နောက်ပိုင်း ကိယက်ဗ်မြို့တော်သို့ ပထမဆုံးလာရောက်တဲ့ ခရီးစဉ်အတွင်း ဂျိုးဘိုင်ဒင် က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမြောက်လက်နက်တွေ အပါအဝင် ဒေါ်လာ သန်း ၅၀၀ ခန့်တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ် လို့ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပြီး ရုရှားနိုင်ငံအပေါ် ထပ်တိုး ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ဆိုပါ တယ်။

ယူကရိန်းနိုင်ငံရဲ့ ဒီမိုကရေစီ၊ အချုပ်အချာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုအပေါ် အမေရိကန်နိုင်ငံရဲ့ မဆုတ်မနစ်သော ကတိကဝတ်ကို ပြသဖို့ ယူကရိန်းသို့ လာရောက်ခဲ့တာလို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ဝါရှင်တန်မြို့တော်အနီးရှိ လေတပ်အခြေစိုက်စခန်းတစ်ခုမှ ပိုလန်နိုင်ငံသို့ ထွက်ခွာ မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ကြေညာခဲ့ပေမယ့် ဂျိုးဘိုင်ဒင်က မကြေညာဘဲ ရုတ်တရက် ယူကရိန်းသို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်နဲ့အတူ သူ့ရဲ့လက်ထောက်တွေ၊ ဆေးဘက်ဝန်ထမ်းတွေသာ ပါဝင်လာခဲ့တယ်လို့ အိမ် ဖြူတော် အကြီးတန်းအရာရှိတစ်ဉီးက ပြောပါတယ်။

အသုံးပြုခဲ့တဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အပါအဝင် ဂျိုးဘိုင်ဒင် ကိယက်ဗ်မြို့တော်သို့ မည်ကဲ့သို့ သွားရောက်ခဲ့တယ်ဆိုတာကို အမေရိကန် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ပိုလန်နိုင်ငံသို့ရောက်ရှိပြီးနောက် ဂျိုးဘိုင်ဒင်က ကိယက်ဗ်မြို့တော်သို့ ၁၀ နာရီကြာ ရထားစီးပြီး သွား ရောက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ ကိယက်ဗ်ခရီးစဉ်က ဖေဖော်ဝါရီလ ၂၄ ရက်မှကျရောက်မယ့် ရုရှားကျူးကျော်မှု တစ်နှစ် ပြည့် နှစ်ပတ်လည်နေ့မတိုင်မီ ယူကရိန်းနိုင်ငံနဲ့ စည်းလုံးညီညွတ်မှုရှိတယ်ဆိုတဲ့ သတင်းစကားပါးတာလို့ ဆိုပါ တယ်။

ကိုးကား – NHK
Ref; Biden visits Kyiv in show of support for Ukraine