ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
အာဏာသိမ်းပြီးနှစ်နှစ်အတွင်း အတိုက်အခံတွေအပေါ် ဖြိုခွင်းမှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး၊ အရှိန်အဝါကြီးမားသော စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဆင့်မြင့် စစ်ဘက်အရာရှိ တွေအပေါ် ပိုင်ဆိုင်မှုပစ္စည်းသိမ်းဆည်းတာ၊ ခရီးသွားလာမှု ပိတ်ပင်တာတွေ ပြုလုပ်ကြောင်း ဉရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။
ဉရောပသမဂ္ဂက ထပ်မံ ဒဏ်ခတ်အရေးယူလိုက်သူတွေထဲမှာ လူပုဂ္ဂိုလ်ကိုးဉီးနဲ့ အာဏာသိမ်း စစ်ကောင် စီနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း ခုနှစ်ခု ပါဝင်ပါတယ်။
စစ်တပ်က အာဏာသိမ်းတာ နှစ်နှစ်ပြည့်နှစ်ပတ်လည့်ဝန်းကျင်မှာ အမေရိကန်နဲ့ဗြိတိန်နိုင်ငံတွေက အလားတူ ဒဏ်ခတ်အရေးယူတာတွေပြုလုပ်ပြီး အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဉရောပသမဂ္ဂက အခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။
ဉရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်တဲ့သူတွေထဲမှာ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဉီး၊ လေ တပ်ချုပ် မောင်မောင်အေး၊ ရေတပ်အကြီးအကဲ မိုးအောင်၊ စစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ စီးပွားရေး လုပ်ငန်းသုံးခုရဲ့ အကြီးအကဲတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဉီးကို ကြိုးပေးကွက်မျက်ရာ မှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ၊ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု၊ စီးနင်းမှုနဲ့ မီးရှို့မှုတွေကို ကြီးကြပ်ခဲ့သူတွေလည်း ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူသူတွေစာ ရင်းမှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု၊ အကြမ်းဖက် ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး ဉရောပသမဂ္ဂက လူပုဂ္ဂိုလ် ၉၃ ဉီးနဲ့ စီးပွားရေးလုပ်ငန်း ၁၈ ခုကို ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းယူကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချကာ သမ္မတ ဉီးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; EU imposes new Myanmar sanctions 2 years after coup