ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ဝ ရက်
မကွေးတ်ိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၄၀ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ ဆင်ကော်ရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ဒုရဲအုပ်နှင့် ဒုတပ်ကြပ် စုစုပေါင်း ၅ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသွားကြောင်း သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force)က သတင်းထုတ်ပြန်သည်။
“နေ့ခင်း ၁၂ နာရီ သရက်ခရိုင်ဆေးရုံကို အလောင်း ၄ လောင်အရင်ရောက်တယ်။ သိပ်မကြာခင်မှ ထိခိုက်တဲ့ စစ်ကောင်စီတပ်သား ၈ ယောက်၊ ရဲတစ်ယောက် ပေါင်း ၉ ယောက်ထပ်ပြီးရောက်ရှိလာပါတယ်” လို့ မျက်မြင် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ဒါ့ပြင် စစ်ကူလာသည့် ကပစ (၁၂)မှ စစ်ကောင်စီအင်အား ၂၅ ယောက်ခန့်လိုက်ပါလာသည့် ကားအဖြူတစ်စီးကို ပုဏ္ဏားရွာနှင့်တွင်းလည်ရွာကြားတွင် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ မင်းတုန်းမြို့၊ စစ်ကောင်စီ၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို လည်း ဒရုန်းဖြင့် ဗုံးသီး ၂ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်၊ အမှတ် ၄ တပ်ရင်းနှင့်အတူ မိုးကြိုးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရှိရသည်။