ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်
ယူကရိန်းကျူးကျော်စစ်မှာ ရုရှားစစ်တပ်ထံ တရုတ်နိုင်ငံရဲ့ ဖြစ်နိုင်ဖွယ်ရာ စစ်လက်နက်ထောက်ပံ့မှုနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပေကျင်းရဲ့ ထိပ်တန်းသံ တမန်ကို ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ အန်တိုနီဘလင်ကန်က တရုတ် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်ကပြုလုပ်တဲ့ ဘလင်ကန်နဲ့ဝမ်ယိတို့ကြား အစည်းအဝေးက တစ်နာရီနီးပါး ကြာ မြင့်ခဲ့ပြီး နယ်ပယ်ပေါင်းစုံအရေး ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံက ရုရှားကို နိုင်ငံရေးနဲ့ သံတမန်ရေးထောက်ခံမှု ပြုလုပ်ပေးခဲ့ပြီး ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကို စစ်လက်နက်တွေထောက်ပံ့ဖို့ တရုတ်က စဉ်းစားနေတယ်လို့ မနေ့က ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ အန်တိုနီဘလင်ကန်က ပြောပါတယ်။
“တရုတ်က ရုရှားကို စစ်လက်နက်ထောက်ပံ့မယ်ဆိုရင် စိုးရိမ်စရာပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဝမ်ယိကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာ ကျွန်တော့်အတွက် အလွန် အရေးကြီးခဲ့ပါတယ်” လို့ သူက ဆိုပါ တယ်။
ရုရှားနိုင်ငံက တရုတ်ထံမှ စစ်ရေးအကူအညီ တောင်းခံနေတယ်လို့ အမေရိကန်အစိုးရက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ တရုတ်ထံမှ စစ်ရေးအကူအညီတောင်းခံမှုကို လက်တုံ့ပြန်ဖို့ အစီအမံတွေ လုပ်ဆောင်မယ် လို့ အမေရိကန်နိုင်ငံက သတိပေးခဲ့ပါတယ်။
ကိုးကား – NHK
Ref; US says China may give arms to Russia