ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်တဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ကြံခင်းမြိုနယ်က စကြာ၀တေးမင်းကြီးသပိတ် ဦးဆောင်ကော်မတီကနေ ခုလိုပြုလုပ်ခဲ့တာလို့သိပြီးကြံခင်းမြို့တစ်နေရာမှာ”ငါတို့ချစ်တဲ့ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ”စာတန်းကိုသပိတ်ကော်မတီ၀င်တွေကကိုင်ဆောင်ကာဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ၅ကြိမ်မြောက်ရှိပါပြီးပြည်သူတွေရဲ့ကိုယ်စား စစ်အာဏာ ရှင်ကို ဆန့်ကျင်ကြောင်း ၂၀၂၃ဇန်နဝါရီလပြန်စတင်ပြီးဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်”လို့ စင်္ကြာဝတေးမင်းကြီးသပိတ်ကော်မတီဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

စကြာ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ စတင်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို ၅ ရက်ဆက်တိုက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။