ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်
B-1 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ပူးတွဲလေကြောင်းလေ့ကျင့်မှု ပြုလုပ်ခြင်းကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူက ဝေဖန်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုနဲ့တိုက်ဆိုင်ပြီး မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျောင်က ယနေ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
“ကိုရီးယားကျွန်းဆွယ်ဝန်းကျင်မှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်မှုရည်ရွယ် တဲ့ လှုပ်ရှားမှုကို မြောက်ကိုရီးယားနိုင်ငံက သတိထားမိပါတယ်” လို့ ကင်ယိုဂျောင်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုက မိမိတို့၏ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိ မရှိ အသေအချာ စစ်ဆေးနေပြီး တိုက်ရိုက် သို့မဟုတ် တိုက်ရိုက်မဟုတ်သော ခြိမ်းခြောက်မှုဆိုပါက တန်ပြန်အရေးယူမယ်လို့ သူက ဆိုပါတယ်။
ပစိဖိတ်ဒေသမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေက အမေရိကန်တပ်ဖွဲ့တွေရဲ့ လုပ် ဆောင်ချက်အပေါ် မူတည်တယ်လို့ ကင်ယိုဂျောင်က သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုမှာ နည်းပညာဆိုင်ရာ ပြဿနာတစ်ရပ် ရှိနေတယ်ဆိုတဲ့ တောင်ကိုရီးယားပညာရှင်တွေရဲ့ မှတ်ချက်စကားကိုလည်း သူမက တုံ့ပြန်ခဲ့ပါတယ်။
“တောင်ကိုရီးယား ပညာရှင်တွေက အခြားတိုင်းပြည်ရဲ့ နည်းပညာနဲ့ပတ်သက်လို့ သံသယ ဒါမှမဟုတ် စိုးရိမ်ပူပန်မယ့်အစား ကိုယ့်နိုင်ငံကာကွယ်ရေးကို ပိုကောင်းအောင် လုပ်ဆောင်သင့်ပါတယ်” လို့ သူက ဆိုပါ တယ်။
ကိုးကား – NHK
Ref; Kim Jong Un’s sister slams US-S.Korea joint air force drill