ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

ပြီးခဲ့တဲ့ စနေနေ့က မြောက်ကိုရီးယားနိုင်ငံ ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ အမေရိကန်တစ် နိုင်ငံလုံးကို ရောက်ရှိနိုင်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ဟာမာဒါယာဆူကာဇူက ပြောကြားပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ဒုံးကျည်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြစ်တယ်လို့ ယူဆရ ပါတယ်။ ပျံသန်းတဲ့လမ်းကြောင်း တွက်ချက်မှုပေါ် အခြေခံပြီး

အဆိုပါဒုံးကျည်ဟာ အကွာအဝေး ကီလိုမီတာ ၁၄၀၀၀ ကျော်အထိ ရောက်ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

အဆိုပါဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၈ ရက်နောက်ပိုင်း ဂျပန် စီးပွားရေးအထူးသီးသန့်ဇုန်အ တွင်း ကျရောက်ခဲ့တဲ့ ပထမဆုံးသော မြောက်ကိုရီးယား ဒုံးကျည်တစ်စင်းဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရကလည်း ဒုံးကျည်ပစ်လွှတ်မှုကို အတည်ပြုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက တာဝေးပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်များရုံးက ခန့်မှန်းပါ တယ်။

မြောက်ကိုရီးယားကပစ်လွှတ်တဲ့ဒုံးကျည်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အမျိုးအစား Hwasong-17 ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟပ်သတင်းဌာနက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားခြိမ်းခြောက်မှုကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်မှာ စစ်ရေးစလေ့ကျင့် မှုတစ်ခုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မတ်လလယ်မှစပြီး အမေရိကန်တပ်ဖွဲ့တွေနဲ့ ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မယ်လို့ လည်း တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
ကိုးကား – NHK

Ref; N.Korean ICBM could reach entire US mainland, says Japan’s defense ministerဲ