ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ ရေရှားပါးမှုတွေကြောင့် စစ်ဘေးရှောင် ၁၅၀၀၀ ဝန်းကျင် သောက်သုံးရေ အခက်အခဲဖြစ်နေတယ် လို့ ဖရူဆို ဒေသခံတွေကပြောပါတယ်။

ဒါ့ပြင် ဖရူဆိုမြို့ လမ်းမကြီးတစ်လျေက် ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြရပြီး စစ်ဘေးရှောင် လူဦးရေ ၁၅၀၀၀ ဝန်းကျင်အထိ ရှိလာပြီလို့ဖရူဆို ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ လောက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။

“မိုးရာသီကလွဲပြီးကျန်တဲ့ ၂ ရာသီမှာဆိုရင် ရေရှားပါးမှုဒဏ်ကိုဆိုးဆိုးဝါးဝါးခံကြရတယ်။ ရေရှ်ိတဲ့နေရာကို အားထားပြီးသွာပြန်တောလည်း လုံခြုံရေးအရ ရေသယ်ဖို့အခက်အခဲရှိပြန်တယ်။ ရေသယ်ကားတွေကားတွေကလည်း ခဏခဏပျက်တော့၊ ပြင်ဆင်စရိတ်နဲ့ ဆီဖိုးနဲ့ တော်တော်အကုန်ကျများတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်” လို့ စစ်ဘေးရှောင်ကူညီရေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လက်ရှိမှာ ဖရူဆိုမြို့နယ် ဒေသခံတွေ အားကိုးနေရတဲ့ ပေ ၁၅၀ ပတ်လည်ခန့်​ရှိတဲ့ ရေထွက်ကန်တကန်ကို အားထားနေရပြီး အနောက်ဖက်ခြမ်းမှာလည်း ရေထွက်တခုရှိပေမယ့် လုံခြုံရေးအစဥ်မပြေတာကြောင့် ရေသယ်ယူဖို့ အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဓာတ်ပုံ-ပေးပို့
#ဖရူဆို #စစ်ဘေးရှောင် #သောက်သုံးရေအခက်အခဲဖြစ်
#Ayeyarwaddy_Times