ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဖေဖော်ဝါရီလ ၁၇ ရက်
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ကန်ပက်လက်ပြည်သူလူထုက CDF-Kanpetlet အနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်twGuf ငွေကြေးအချို့နှင့် အမြတ်တနိုးမွေးမြူထားသော ရိုးရာနွားနောက် အကောင်ရေ ၆၀ ကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း CDF-Kanpetletက ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
တော်လှန်ရေးအတွက် ရင်ဆိုင်ကြုံတွေ့နေရသော CDF-Kanpetlet ၏ ဘဏ္ဍာရေး အခက်အခဲများနှင့် ပတ်သက်၍ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ကြုံတွေ့နေရသည့် စိန်ခေါ်မှု အခက်ခဲများကို ပြည်သူလူထုထံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
“ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးကို ပြည်သူလူထုတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် အရေးတော်ပုံအောင်နိုင်ရေးအတွက် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်မှုအပေါ် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး အထူးကျေးဇူးတင်ရှိသည်” ဟု CDF-Kanpetlet၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဝေး ရောက်မိဘပြည်သူများအနေဖြင့်လည်း ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ပတ်သက်၍ ကန်ပက်လက်ပြည်သူများနှင့်အတူ လက်တွဲညီညီပူး ပေါင်းပါဝင်ပေးကြရန် CDF-Kanpetletက ဖိတ်ခေါ်ထားသည်။
အရေးတော်ပုံအောင်မြင်သည်အထိ CDF-Kanpetletထံ ဆက်လက်ပါဝင်လိုသော မိဘပြည်သူများအနေဖြင့် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည့်အပြင် Chin Defence Force -Kanpetlet page ကိုပါ ဆက်သွယ်၍ ပါဝင်နိုင်ကြောင် အသိပေးထားသည်။