ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇

ယူကရိန်းသို့ ငါးနှစ်အတွင်း ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ ထောက်ပံ့မယ့် အကူအညီပေးရေး အစီအစဉ် တစ်ခုကို ရေနံပေါကြွယ်ဝတဲ့ နော်ဝေနိုင်ငံက အတည်ပြုလိုက်ပါတယ်။

နှစ်စဉ် ဒေါ်လာ ၁ ဒသမ ဘီလီယံခန့် ထောက်ပံ့မယ့်အစီအစဉ်အရ ငွေကြေးတွေကို စစ်ရေးနဲ့ လူသား ချင်းစာနာမှုအကူအညီအဖြစ် အသုံးပြုမယ်လို့ သိရပါတယ်။

Nansen Support Programme for Ukraine လို့ ခေါ်တဲ့ အကူအညီပေးရေးအစီအစဉ်ကို ဝန်ကြီးချုပ် ဂျိုးနက်ဂါးစတိုး အပါအဝင် နော်ဝေလွှတ်တော်က ထောက်ခံခဲ့ပါတယ်။

ယူကရိန်းသို့ပေးမယ့် အကူအညီကို တိုင်းပြည်ရဲ့ ရေနံဝင်ငွေကနေ ထောက်ပံ့မှာဖြစ်တာကြောင့် တိုင်း ပြည်ရဲ့စီးပွားရေးကို မထိခိုက်ဘူးလို့ ဝန်ကြီးချုပ် ဂျိုးနက်ဂါးစတိုးက ပြောပါတယ်။

“ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချတာ၊ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ယူကရိန်းပြည်သူတွေရဲ့ တရားဝင် ခုခံတွန်းလှန်တာကို ပံ့ပိုးကူညီရာမှာ နော်ဝေနိုင်ငံက အတူရပ်တည်ပါတယ်” လို့ သူက ဆိုပါတယ်။

နော်ဝေနိုင်ငံရဲ့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ လွှတ်တော်အမတ် ၁၆၉ ဉီးတက်ရောက်တဲ့ လွှတ်တော်ကို အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့တဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဆိုပါတယ်။

“အခုလို အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နော်ဝေနိုင်ငံရဲ့ အကူအညီကြောင့် ထောင်နဲ့ချီ တဲ့ ယူကရိန်းပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်” လို့ ဇီလန်စကီးက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Norway approves $7.4B Ukraine aid package