ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

ရိုဟင်ဂျာ ၆၉ ဉီး တင်ဆောင်လာတဲ့ လှေတစ်စင်း ဖေဖော်ဝါရီလ ၁၆ ရက်က အင်ဒိုနီးရှားနိုင်ငံ အာ ချေးပြည်နယ်ကို ဆိုက်ရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ပြောပါ တယ်။

ပင်လယ်ပြင်မှာ ရောဂါဘယ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပင်ပန်းနွမ်းလျမှုတွေရှိနေပေမယ့် မြန်မာနိုင်ငံက ရာ ပေါင်းများစွာသော ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာချေးပြည်နယ်သို့ ရောက်ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာတွေအတွက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အသေအပျောက်အများဆုံးနှစ် ဖြစ် ခဲ့တယ်လို့ UNHCR က ဆိုပါတယ်။

ခြေကုန်လက်ပန်းကျနေတဲ့ ရိုဟင်ဂျာ ၆၉ ဉီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရောက်ရှိလာခဲ့တာလို့ အာချေး ဘီဆာရှိ တံငါသည်တစ်ဉီးဖြစ်သူ မီတက်ဖ်ကတ်အဒီက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း အစာရေဆာမရှိဘဲ ပင်လယ်ပြင်မှာ ရှိခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ဘဝ ရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့တာလို့ အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ် ဆိုင်ရီဖူဒင်က ပြောပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်သက်တဲ့ နိုဝင်ဘာလနဲ့ ဧပြီလကြားရောက်ပါက ရိုဟင်ဂျာတွေဟာ သစ် သားထွင်းလှေတွေ အသုံးပြုပြီး အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ထွက်ခွာကြတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။

လူသားမဆန်သော ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် ထွက်ပြေးလာသူ အများစုအပါအဝင် ရိုဟင်ဂျာတစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြွတ်သိပ်ပြည့်နေ တဲ့ ဒုက္ခသည်စခန်းတွေမှာ လက်ရှိ နေထိုင်နေကြပါတယ်။

ကိုးကား – Reuters
Ref; Boat carrying 69 Rohingya lands in Indonesia’s Aceh