ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းလို့ မတ်ပဲရိတ်သိမ်းခြွေလေ့နေတဲ့ တောင်သူတွေ အခက်တွေ့နေတယ် လို့ ဒေသခံတွေကပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ညနေပိုင်းက မိုးစတင်ရွာသွန်းတာဖြစ်ပြီး မတ်ပဲရိတ်သိမ်းခြွေလေ့နေတဲ့ တောင်သူတွေနဲ့ ရိတ်သိမ်းပြီး မတ်ပဲအပုံတွေကို အမိုးအကာနဲ့ အုပ်ထားရတယ် လို့ ဒေသခံတွေကပြောပါတယ်။

နတ်မော်၊ နိဗ္ဗာန်၊ရှားခဲ၊ အထောင်၊ သောင်ကြီး၊ ကျုံပျော်၊ အသုတ်၊ ဇလွန်၊ စတဲ့ဒေသတွေမှာမတ်ပဲကို အဓိက ထားစိုက်ပျိုးနေတာဖြစ်ပြီး အဆိုပါမုန်တိုင်းကြောင့် မတ် ပဲ ရိတ်သိမ်းခြွေလေ့ရမည့် အလုပ်တွေကို ရပ်နားထားရတယ်လို့ ဒေသခံတောင်သူတွေကဆိုပါတယ်။

“မနေ့ကတည်းက တစ်နေ့လုံးမိုးတွေအုံ့နေတာ၊ ညနေပိုင်းကြတော့မိုးစပြီးရွာလာတယ်။ မတ်ပဲတွေ ရိတ်ပီးသားသူတွေနဲ့ နုတ်လက်စ မတ်ပဲသမားတွေလဲ အ​တော်လေးအခက်တွေ့ကြတယ်။မတ်ပဲက မိုးမိတာနဲ့ အစို့တွေထွက်ကုန်တယ်။ အခါတိုင်းနှစ်တွေထက် အထွက်ကလည်းရော့နေရတဲ့အထဲ အချိန်အခါမဟုတ်မိုးက ရွာတော့ မိုးတွေရွာတော့ အမိုးတွေမိုးရ အုပ်ရတဲ့ အခက်တွေ့​တာပေါ့” လို့ ဇလွန်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

ဒါ့ပြင် ဟင်္သာတခရိုင်အတွင်းက မြို့နယ်တွေသာမက ပုသိမ်ခရိုင်ထဲက စတဲ့နေရာအချို့မှာလည်း အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်းက တိုင်းနှင့် ပြည်နယ်အများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ထားပါသေးတယ်။