ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှုပ်ရှားမှုကို ကြံခင်းမြိုနယ်က စကြာ၀တေးမင်းကြီး သပိတ်ဦးဆောင်ကော်မတီက ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

” ဒီနေ့လူပ်ရှားမှုကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု တတိယအကြိမ်အနေနဲ့ ကြံခင်းမြို့ပေါ်တတစ်နေရာမှာ “သမိုင်းတွင်မည့်တော်လှန်ရေး လူထုအားလုံးပါဝင်ပေး” စာတန်းကိုသပိတ်ကော်မတီ၀င်တစ်ချို့ကကိုင်စွဲပြီး ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်” လို့ သပိတ်ကော်မတီအဖွဲ့ဝင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်းစကြာ၀တေးမင်းကြီးသပိတ် ဦးဆောင်ကော်မတီကနေ ကြံခင်းမြို့နယ်ကြွက်နွယ်ကွင်းတံတားပေါ်မှာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ စစ်ခွေးနိဂုံး ၂၀၂၃ စာသားပါ ဗီနိုင်းတွေချိတ်ဆွဲပြီးစစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညနေပိုင်းကလည်း ကြံခင်းမြို့နယ်အပိုင်ရှိ ပုသိမ်-မုံရွာကားလမ်းပေါ်မှာ “ဖက်စစ် စစ်တပ်အမြစ်ဖြတ်” စာတန်းပါစစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲပြီး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။