ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံရဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာမှုနဲ့ပတ် သက်လို့ အမေရိကန်နိုင်ငံက စိုးရိမ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်ကောင်စီနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရုရှားနိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေ တိုးချဲ့လိုတဲ့ဆန္ဒရှိတာကို အမေရိကန်နိုင်ငံက အလွန် စိုးရိမ်ပေမယ့် မအံ့သြမိပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရုရှားနိုင်ငံရဲ့လုပ်ရပ်တွေက အာရှ-ပစိဖိတ်ရှိ အမေရိကန်နိုင်ငံရဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ငြိမ်းချမ်း ရေး၊ သာယာဝပြောရေး လုပ်ဆောင်နေတဲ့ ကြိုးပမ်းမှုတွေကို ခြိမ်းခြောက်နေတဲ့ အကျပ်အတည်းတစ်ခုကို တာ ရှည်စေပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်အေဂျင်စီ (ROSATOM) က ဖေဖော်ဝါရီလ ၆ ရက်မှာ မြန်မာစစ်ကောင်စီနဲ့ နျူကလီးယားစွမ်းအင်နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ ပါတယ်။
“ဒီသဘောတူညီချက်ဟာ အသေးစား နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက် ဖို့သာဖြစ်ပြီး နယ်ပယ်စုံမှာ နျူကလီးယားနည်းပညာ အသုံးချဖို့လည်းဖြစ်ပြီး တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးကို မြှင့်တင်ပေးမှာဖြစ်ပါတယ်” လို့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ မင်းအောင် လှိုင်က ပြောပါတယ်။
နျူကလီးယားစွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက ရုရှား-မြန်မာဆက်ဆံရေးသမိုင်းမှာ အခန်းကဏ္ဍသစ်တစ်ခု စတင်ပြီလို့ ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဇီလီကာချက်ဗ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းသစ်တစ်ခု ဖန်တီးခြင်းက တိုင်းပြည်ရဲ့ စွမ်းအင်၊ စက်မှုနဲ့ စီးပွားရေးကဏ္ဍ ကို သေချာပေါက် အကျိုးဖြစ်ထွန်းစေမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – VOA
Ref; US Worried by Myanmar Junta, Russia Expanding Nuclear Cooperation