ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ် လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေဖို့အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများလုပ်ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
ဒါ့ပြင် လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် ပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက telegram သို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။
https://t.me/MASurveillance24