ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

Burma Act က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကျိုးသက်ရောက်စေမယ့် ဒေသတွင်း အကြမ်းဖက်မှုတွေ ဖြစ်စေ မှာမဟုတ်ဖူးလို့ အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အာမခံခဲ့တယ်လို့ နိုင်ငံခြားရေး အတွင်းဝန် မာစွပ်ဘင်မိုမန်က ပြောပါတယ်။

“Burma Act က ဒေသတွင်း အကြမ်းဖက်မှုတွေ မဖြစ်စေနိုင်ဘူးလို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အ ခိုင်အမာပြောကြားခဲ့ပါတယ်” မာစွပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက Burma Act နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မည်သည့်အဆိုပြုချက်မှ မပြုလုပ် ခဲ့ဖူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ အကြီးတန်း နိုင်ငံခြားရေးမူဝါဒအကြံပေး ဒါး ရက်ချိုလတ်ခ်က အဖွဲ့ဝင်ခုနှစ်ဉီးပါ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဉီးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Burma Act က မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးနိုင်ပြီး မြန်မာပြည်သူတွေကို ပို ပြီး အကူအညီပေးနိုင်တယ်လို့ နိုင်ငံခြားဆက်ဆံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပညာရှင်တွေက အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာတွေကို အမေရိကန်နိုင်ငံသို့ ပိုမို ရွှေ့ပြောင်းဖို့နဲ့ လူသားချင်းစာနာမှု အကူ အညီ ပိုပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့တယ်လို့ မာစွပ်က ပြောပါတယ်။

အမေရိကန်နိုင်ငံက ရိုဟင်ဂျာတစ်သန်းကျော်ကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ကူညီဖို့ စဉ်ဆက် မပြတ် ကြိုးပမ်းနေပြီး မြန်မာနိုင်ငံမှာ ပြဿနာဖြစ်ပွားရတဲ့အကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေ တယ်လို့ ချိုလတ်ခ်က ပြောပါတယ်။

ကိုးကား – BSS News
Ref; Burma Act won’t contribute to regional violence: US official