ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေနဲ့ ဌာနေအသိုင်းအဝိုင်းတွေကို ထောက်ပံ့ဖို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) သို့ ဒေါ်လာ ၅ ဒသမ ၇ သန်း ပံ့ပိုးကူညီဖို့ ဂျပန်နိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။
ငွေကြေးထောက်ပံ့မယ့် သဘောတူညီချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ UNICEF ရဲ့ ထုတ်ပြန်ချက် တစ်ရပ်အရ သိရပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ရှိမှာ လက်ခံထားပါတယ်။
ဒုက္ခသည်စခန်းတွေမှာ လူတွေပြွတ်သိပ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်ပိုင်းရှိ ဝေးလံ ခေါင်ဖျားသော ဘာဆန်ရှားကျွန်းသို့ ရိုဟင်ဂျာ ၃၀၀၀၀ နီးပါးကို အဆင့်လိုက် ရွှေ့ပြောင်းနေပါတယ်။
ဂျပန်အစိုးရက ရိုဟင်ဂျာဒုက္ခသည်ကလေးတွေနဲ့ ဌာနေအသိုင်းအဝိုင်းတွေအတွက် ပံ့ပိုးကူညီမှု အရှိန်မြှင့် တင်ခဲ့ပြီး ဂျပန်အစိုးရနဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် UNICEF က ဂုဏ်ယူတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အဓိက ပံ့ပိုး ထောက်ပံ့တဲ့တိုင်းပြည်တစ်ခု ဖြစ်ခဲ့ပြီး UNICEF, အခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ NGO များသို့ ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ခဲ့ပြီးပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – Anadolu
Ref; Japan, UNICEF sign $5.7M deal to assist Rohingya, local community in Bangladesh