ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလတ်ခ်ဟာ ဒါကာခရီးစဉ်အတွင်း ရို ဟင်ဂျာအရေး၊ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှုတို့ကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

မနေ့ကညနေပိုင်းက ဒါကာမြို့တော်သို့ ရောက်ရှိလာခဲ့တဲ့ ဒါးရက်ချိုလတ်ခ်က ဘင်္ဂလားဒေ့ရှ် အကြီး တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုအတွင်း နိုင်ငံတကာနယ်ပယ်မှာ ဒါကာ-ဝါရှင်တန် ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ဒါးရက်ချိုလတ်ခ်ဟာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ အတိုင်ပင်ခံ ကလင်တန်ဝှိုက်၊ တောင် အာရှနှင့် ဗဟိုအာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဲလိဇဘတ်ဟော့၊ သံအမတ်ကြီး ဘတ်ဗန်ရှတ်ချ် တို့ပါဝင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဉီးဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒါးရက်ချိုလတ်ခ်ဟာ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်၊ နိုင်ငံခြားရေးအတွင်းဝန် မာ ဆွတ်ဘင်မိုမန်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလတ်ခ်ဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆွေးနွေးဖို့ ဒီနေ့ညနေပိုင်းမှာ ဒါကာမြို့တော်က ပါကစ္စတန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။

ကိုးကား – BSS News
Ref; Chollet to discuss Rohingya crisis, Bangladesh-US security partnership