ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
စစ်ကိုင်းတိုင်၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က မနေ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လက်နက်ကြီးဖြင့် ပတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ချက်ချင် ပြန်လည်မပစ်ခတ်နိုင်ဘဲ နာရီဝက်ကြာမှသာ ပြန်လည်ပစ်ခတ်နိုင်ခဲ့တယ် လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ထိခိုက်မှုကိုတော့ နယ်မြေအခြေအနေအရသတင်းမရယူနိုင်သေးပါဘူး။ ချက်ချင်း ပြန်မပစ်နိုင်တာကိုထောက်ကြည့်ချင်းအားဖြင့် စစ်ကောင်စီ ဘက်မှာ ထိခိုက်မူရှိနိုင်တယ်ဆိုတာ သေချာပါတယ်” လို့ Snipe Rangers Force( S.R.S.F)တပ်ဖွဲ့မှ ရဲဘော်ဆလိုင်းက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ထိုတိုက်ခိုက်မူကို Snipe Rangers Force( S.R.S.F)တပ်ဖွဲ့က ဆလိုင်းစစ်ကြောင်းနဲ့အတူ ကိုဇော်ဇော်ခိုင် အဖွဲ ၊ DBBS တပ်ဖွဲတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။