ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်

စင်ကာပူက မြန်မာနိုင်ငံသို့ စစ်လက်နက်မရောင်းချတာ အချိန်ကြာမြင့်ပြီဖြစ်သလို စစ်လက်နက်ရောင်းချ မှု ပိတ်ပင်ချက်က အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှနန်က ဖေဖော်ဝါရီ လ ၁၄ ရက်မှာ လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုတွေအတွက် အထောက်အကူပြုတဲ့ ကုန်ကြမ်းတွေ တင်ပို့ရာမှာ စင်ကာပူကုမ္ပဏီတွေကို မဟာဗျူဟာမြောက် ကြားခံအဖြစ် အသုံးချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ လွှတ်တော်အမတ် ဒင်းနစ်တက်ပ်ရဲ့ မေးမြန်းချက်တစ်ခုကို ဗီဗီယန်ဘလာ ခရစ်ရှနန်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

စစ်လက်နက်တွေ လွှဲပြောင်းပေးမှု တားမြစ်ချက်တွေကို လိုက်နာခြင်းရှိ မရှိ အစီရင်ခံစာက ဖော်ပြထား တဲ့ စင်ကာပူကုမ္ပဏီတွေကို အာဏာပိုင်တွေက စစ်ဆေးမှုရှိ မရှိလည်း ဒင်းနစ်တက်ပ်က မေးမြန်းခဲ့ပါတယ်။

စင်ကာပူက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးတာ ခွင့်မပြုဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီလ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

စစ်လက်နက်တွေထုတ်လုပ်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေသို့ ကုန်ကြမ်းတွေထောက်ပံ့တဲ့ ကုမ္ပဏီတွေကို လက်ခံထားတဲ့တိုင်းပြည်တွေထဲမှာ စင်ကာပူပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီရဲ့ အစီ ရင်ခံစာက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စီးပွားရေးလုပ်ဆောင်မှု အချက်တွေက အာဏာမသိမ်းမီက အခြေအနေတွေ ပါဝင်တယ်လို့ ဗီဗီယန်ဘလာခရစ်ရှနန်က ပြောပါတယ်။ “စင် ကာပူက နိုင်ငံတကာ စစ်လက်နက်ရောင်းချမှုနဲ့ လွှဲပြောင်းပေးမှု နိုင်ငံတကာဉပဒေတွေကို တင်းကျပ်စွာ လိုက်နာ တယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံသို့ စစ်လက်နက်တွေစီးဝင်မှု ပိတ်ပင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို စင်ကာပူက ထောက်ခံမဲပေးခဲ့တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးတာကို တားမြစ်ဖို့ စင်ကာပူအစိုးရက ဆုံးဖြတ်ခဲ့ပါ တယ်” လို့ သူက ထပ်ပြောပါတယ်။

ကိုးကား – CNA
Ref; No sales of arms to Myanmar for ‘a very long time’: Vivian Balakrishnan