ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ၊ အနက်ရောင်သေမင်းပြောက်ကျားအဖွဲ့မှ ငွေကိုင် တစ်ဦးနှင့် သတင်ထုတ်ပြန်သူ တစ်ဦးတို့ ဒလန်၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရ ကြောင်း အနက်ရောင်သေမင်း အဖွဲ့ထံက သိရသည်။
မန္တလေးမြို့တွင် လှုပ်ရှားနေသည့် အနက်ရောင်သေမင်း ပြောက်ကျားတပ်ဖွဲ့ မှ သတင်း ပြန်ကြားရေးနှင့် ငွေကိုင်တို့သည် ဒလန်တစ်ဦး၏ သတင်းပေးမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က မန္တလေးမြို့ ပေါ်တွင် ဖမ်းဆီခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံ ရပြီးနောက် လက်ရှိအချိန်ထိ အဆက်သွယ်မရသေး၍ အလှူရှင်များအနေဖြင့် ငွေလွှဲ လှူဒါန်းခြင်း မပြုလုပ်ရန် အသိပေးကြောင်း အနက်ရောင်သေမင်း ပြောက်ကျား အဖွဲ့က ဆိုသည်။
“အခုအဖမ်းခံရတာ ဒလန်ကြောင့်ပါ။ ဒီကောင်တွေက ကျွန်တော်တို့ဝပ်ကျင်းတွေ၊ ခိုတဲ့နေရာတွေပါ အကုန်သိနေတာပါ။ အဖမ်းခံရတာက ၁၀၀ ရာခိုင်နှုန်းသေချာတယ်။ ဆိုင်ကယ်နဲ့အလာ လမ်းမှာအဖမ်းခံလိုက်ရတာပါ။ ဘယ်မှာဖမ်းသွားတယ်၊ ဘယ်မှာ စစ်နေတယ်ဆိုတာတော့ ကျွန်တော်တို့ ဖရဲသီးဆီကနေ စုံစမ်းနေပါတယ်။ ပါသွားတဲ့ ဖုန်းထဲမှာ ငွေတော်တော်ပါသွားတယ်။ အခု စခ(စစ်ကောင်စီတပ်သား) တွေက ဖုန်းကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေပါတယ်။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ပါသွားတဲ့ ဖုန်းထဲကို ဆက်မလှူဖို့ပြောချင်ပါတယ်“ ဟု အနက်ရောင်သေမင်းအဖွဲ့ခေါင်းဆောင် ဗိုလ်နောင်လေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနက်ရောင်သေမင်းအဖွဲ့သည် တံတားဦးလေတပ်စခန်းကို လျှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန်ဆောင်ရွက်ခဲ့သော်လည်း ဒလန်သတင်းပေးမှု့ကြောင့် ပစ္စည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် အဖွဲ့ဝင်လူငယ်များ အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။