ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီးတစ်ပတ်ကျော်အကြာ တူရကီနိုင်ငံမှာ မနေ့က အပျက်အစီး တွေအောက်မှ အသက်ရှင်ကျန်ရစ်သူကိုးဉီးကို ကယ်ဆယ်ခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို နေစရာ သို့မ ဟုတ် စားစရာမရှိသူတွေကိုကူညီဖို့ အဓိကထား လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
တူရကီနဲ့ ဆီးရီးယားနိုင်ငံမှာ သေဆုံးသူ ၄၁၀၀၀ ကျော်အထိ ရှိလာခဲ့တဲ့ မြေငလျင်ကြောင့် နှစ်နိုင်ငံစလုံး ရှိ မြို့တော်ကြီးတွေ ပျက်စီးခဲ့သလို လူအများအပြား အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်မှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် ကန ဉီး တုံ့ပြန်မှုတွေလုပ်ဆောင်ရာမှာ ပြဿနာတွေရှိခဲ့တယ်လို့ တူရကီသမ္မတ တေယက်အာဒိုဂန်က ဝန်ခံခဲ့ပေမယ့် ယခုအခါ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။
“တူရကီနိုင်ငံမှာသာမက လူသားတွေရဲ့သမိုင်းမှာပါ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုကို ကျွန် တော်တို့ ရင်ဆိုင်နေရတာဖြစ်ပါတယ်” လို့ အန်ကာရာမြို့တော်မှာ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း အာဒိုဂန်က ပြောပါ တယ်။
နှစ်နိုင်ငံစလုံးမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်တဲ့ပြည်သူ ၂၆ သန်းခန့်ရှိတယ်လို့ ဉရောပတိုက် ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဟန်ဟင်နရီကလပ်က ပြောပါတယ်။
ကလေးငယ်တွေဟာ မြေငလျင်လှုပ်ခတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ခံစားနေရတယ်လို့ တူရ ကီနဲ့ ဆီးရီးယားနိုင်ငံရှိ ငလျင်ဘေးသင့်မိသားစုတွေက ပြောပါတယ်။
အသစ်ဖွင့်လှစ်လိုက်တဲ့ ဘတ်အယ်လ်ဆာလမ်း နယ်စပ်ဂိတ်မှတစ်ဆင့် တူရကီနိုင်ငံမှ ဆီးရီးယားနိုင်ငံ အ နောက်မြောက်ပိုင်း သူပုန်တွေထိန်းချုပ်ထားတဲ့ဒေသသို့ ကုလသမဂ္ဂရဲ့ ပထမဆုံးသော အကူအညီပေးရေးယာဉ် တန်း ဝင်ရောက်လာခဲ့ပြီလို့ သိရပါတယ်။
ဆီးရီးယားပြည်သူ ကိုးသန်းနီးပါး မြေငလျင်ဘေးသင့်ခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ သန်း ၄၀၀ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြေငလျင် လှုပ်ခတ်ပြီးနောက် တူရကီနိုင်ငံမှာ သေဆုံးသူ ၃၅၃၄၁ ဉီး သေဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံမှာ သေဆုံးသူ ၅၈၁၄ ဉီးရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။
ကိုးကား – Asia One
Ref; 9 survivors pulled from Turkey’s rubble, as earthquake death toll passes 41,000