ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေသစ်က အတိုက်အခံပါတီတွေရဲ့ အရေးပါ သောပုဂ္ဂိုလ်တွေကို လာမယ့်ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်နိုင်အောင် တားဆီးနေတယ်လို့ လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်က ကြေညာခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်က သြဂုတ်လအတွင်းပြုလုပ်မယ့် စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ အများယုံကြည်လက်ခံနိုင်စွမ်း ကင်းမဲ့စေကာ စစ်တပ်ထိန်းချုပ်မှုကို တရားဝင်ဖြစ် စေမယ့် ကြိုးပမ်းမှုတစ်ခုသာဖြစ်ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီက စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့သာမက တရားဝင်မှုရ ရှိဖို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်” လို့ HRW မှ မြန်မာသုတေသီ မန်နီမောင် က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအတိုက်အခံအားလုံးကို ချေမှုန်းဖို့နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးလမ်း ကြောင်း ပြန်သွားတာကို လမ်းချော်စေမယ့် စနစ်တစ်ရပ် ဖန်တီးနေပါတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးခဲ့ ပြီး ချင်း၊ ကရင်၊ ကယား၊ မွန်ပြည်နယ်တွေနဲ့ မကွေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ တနင်္သာရီဒေသကြီးတွေက မြို့နယ် ၃၇ ခု မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေက နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်ခွင့်၊ ယှဉ်ပြိုင်ခွင့်ကို လေးစားသမှုထားရာမှာ နိုင်ငံတကာစံနှုန်း မပြည့်မီပါဘူး။

အာဆီယံအဖွဲ့ဝင်တွေ၊ ဂျပန်၊ အိန္ဒိယအပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက အဲဒီဥပဒေကို ရှုတ်ချကာ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အာဏာသိမ်းစစ်ကောင်စီ တရားဝင်မှုရရှိဖို့ ကြိုးပမ်းမှုကို မထောက်ခံ သင့်ဘူးလို့ HRW က ဆိုပါတယ်။

စစ်ကောင်စီ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံက စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ် ခတ်အရေးယူဖို့ ဗြိတိန်၊ အမေရိကန်နဲ့ ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အခြားအစိုးရတွေနဲ့ ညှိနှိုင်းလုပ်ဆောင် သင့်တယ်လို့ HRW က ပြောပါတယ်။

“၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ မျှော် လင့်ချက်တွေကို ရိုက်ချိုးပစ်ခဲ့ပါတယ်။ သက်ဆိုင်ရာအစိုးရတွေက ဒီမိုကရေစီ ရွေးကောက်ခံအရပ်သားအစိုးရ အာ ဏာပြန်ရရှိရေး စစ်ကောင်စီအပေါ် စုပေါင်းဖိအားပေးဖို့ လိုအပ်ပါတယ်” လို့ မန်နီမောင်က ဆိုပါတယ်။

ကိုးကား – HRW
Ref; Myanmar: Political Parties Law Shackles Opposition